Episode -10

1.2K 57 0
                                    

<Unicode>

ဝေယံ သူမကို ကြည့်ရင်း ရယ်ချင်လာသည်။
မျက်လုံးကို စုံမှိတ်ထားရာက အသက်ကို ဝအောင်
ရှူသွင်းလိုက်၊ ဟူးခနဲ ရှူထုတ်လိုက် လုပ်နေသည်။
သူမ အဲ့လောက်တောင် စိတ်လှုပ်ရှားနေတာလား။

ရုံးခန်းထဲကို မဝင်သေးဘဲ ရပ်နေတာ အတော်ကြာပြီ။
ခဏကြာတော့ စိတ်ငြိမ်သွားတယ် ထင်ပါရဲ့။
သက်ပြင်းလေးတစ်ချက် ချလိုက်ရင်း ရုံးခန်းထဲကို
ဝင်သွားသည်။ သူလည်း အခန်းအပြင်ကနေ အထဲက
ပြောသမျှကို အသာ နားထောင်နေလိုက်သည်။

@@@@@@@@@@@@@@@

မေမိုး သူဌေးဆိုသူကို သေချာကြည့်မိလိုက်သည်။
ဥပတိရုပ်က တည်ငြိမ်ရင့်ကျက်ပြီး ရှိရင်းအသက်ထက်
နုငယ်နေသည်။ သူမကိုလည်း တည်ငြိမ်စွာ
ပြုံးပြလိုက်ရင်း

"ဦးလေး အကူအညီတောင်းချင်လို့ပါ"

"ရှင် !...ခုနကတော့ ခိုင်းစရာ ရှိလို့ဆို"

ဦးကောင်းထက် သဘောကျစွာ ပြုံးလိုက်ရင်း

"ဒီကိစ္စက ခိုင်းတယ်ဆိုတာထက် တောင်းဆိုတာဆိုရင်
ပိုမှန်လိမ့်မယ်"

"ဟုတ်ကဲ့... ပြောပါ"

"ဒီလိုပါ... မေမိုးဆီကို လူတစ်ယောက် အပ်ချင်လို့"

"ရှင် !...ဘာကို ပြောတာလဲ မသိဘူးနော်"

"ဩော်... မေမိုးနဲ့ အတူ အလုပ်တွဲလုပ်ရအောင်လို့ပါ...
သူ့ကို အစစအရာရာ မေမိုးကပဲ သင်ပေးလိုက်ပေါ့"

"ရှင် !...သူဌေး အထင်မှားနေပြီနဲ့ တူတယ်... ကျွန်မက
စားပွဲထိုးတစ်ယောက်ပါ... ဒီကိစ္စက ဂျာကြီးနဲ့ ပြောရ
မှာ မဟုတ်လား"

ဦးကောင်းထက် ခေါင်းကို အသာရမ်းလိုက်ရင်း

"ခုကစပြီး မေမိုးက စားပွဲထိုး မဟုတ်တော့ဘူး"

"ရှင် !"

"ဦးလေးကြားရသလောက်ကတော့ မေမိုးက
အတော်လေး အလုပ်ကြိုးစားတယ်...တော်လည်း
တော်တယ်တဲ့...မန်နေဂျာကိုယ်တိုင်က ထောက်ခံပေး
ထားတာနော်"

သူမကို ချီးကျူးစကား ပြောနေတာဖြစ်၍ ခေါင်းလေးငုံ့
ထားရာမှ ပြုံးလိုက်မိသည်။

Together ForeverWhere stories live. Discover now