Episode -7

1.2K 53 0
                                    

<Unicode>

''သမီးနာမည်က မေမိုးမြင့်...သမီးရဲ့ စိတ်ဓာတ်က
မိုးကောင်းကင်ကြီးလို မြင့်မားနေရမယ်...လူနေချုံကြား
စိတ်နေဘုံဖျား ဆိုတဲ့အတိုင်း လူက ဘယ်လောက်ပဲ
ဆင်းရဲမွဲတေ နေပါစေ စိတ်ထားကိုတော့ အမြဲတမ်း
အမြင့်ကြီးမှာ ထားရမယ်...

စိတ်ဓာတ်ကျလွယ်တဲ့သူက အရှုံးနဲ့ ရင်ဆိုင်ရတာများ
တယ်...ဒါကြောင့် တစ်ခါ ရှုံးနိမ့်ဖူးရင်တောင်
စိတ်ဓာတ်ကျ မနေပါနဲ့...ခေါင်းကို မော့မြဲ မော့ထားရ
မယ်...ရှုံးနိမ့်မှုကနေ သင်ခန်းစာယူပြီး အောင်နိုင်မှု
အတွက် ကြိုးစားအားထုတ်ရမယ်...

သမီး ဒီလပတ် စာမေးပွဲမှာ အရင်လထက် ၃ မှတ်
နည်းသွားလို့ စိတ်ညစ်နေတယ် မဟုတ်လား...သမီးရဲ့
လက်ချောင်းလေးတွေကို ကြည့်လိုက်...အတိုအရှည်
မညီကြဘူး မဟုတ်လား...ဒါပေမယ့် ဒီလက်ချောင်း
လေးတွေက သမီးရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါ
နေတယ် မဟုတ်လား...

ဒါကြောင့် သမီး အမှတ်နည်းသွားတာအတွက်
ဘယ်တော့မှ စိတ်ဓာတ်မကျနဲ့...ဒါဟာ စစ်ဆေးမှုတစ်ခု
အတွက်ပဲ...ဒီအမှတ်တွေက သမီးရဲ့ အရည်အချင်းကို
ပြပေးနေတယ်...သမီး ဘယ်လောက် ကြိုးစားခဲ့လဲ
ဆိုတာကို ဒီအမှတ်တွေက သက်သေပြပေးတယ်...

အမှတ်နည်းသွားလို့ ငါ ညံ့သွားပြီ...အသုံးမကျတော့
ဘူးလို့ ဘယ်တော့မှ မသတ်မှတ်လိုက်နဲ့...ဒီတစ်ခေါက်
ဖြစ်ခဲ့တာကို သင်ခန်းစာယူပြီး နောက်တစ်ကြိမ်မှာ
ဒီ့ထက် ပိုကောင်းအောင် ကြိုးစားရမယ်...လဲကျရင်
ပြန်ထရမယ် ဆိုတဲ့ ခံယူချက်နဲ့ ဘဝကို ရပ်တည်နိုင်
ရမယ်...

လက်ချောင်းလေးတွေလို အနိမ့်အမြင့် မညီညာတဲ့
အဖြစ်တွေကို သမီးဘဝတစ်လျှောက်လုံးမှာ
တွေ့ကြုံရဦးမယ်...လောကဓံရဲ့ ရိုက်ချက်တွေကို
ခံနိုင်ရည်အပြည့်နဲ့ ရင်ဆိုင်ပြီး သမီးဘဝကို
မြင့်သထက် မြင့်အောင် ကြိုးစားရမယ်...

တကယ်လို့ သမီး အရမ်းပင်ပန်းလာတဲ့အခါ...
စိတ်ဓာတ်ကျနေတဲ့အခါ ကောင်းကင်ကြီးကို
မော့ကြည့်ပြီး ဒီလိုပြောလိုက်...ငါက မေမိုးမြင့်...ငါ့ရဲ့
စိတ်ဓာတ်က ကောင်းကင်ကြီးလို မြင့်မားကျယ်ပြန့်
တယ်...ဒါကြောင့် စိတ်ဓာတ်ကျတယ်ဆိုတာ ငါ့ဘဝမှာ
မရှိစေရဘူး...ရှိခဲ့ရင်တောင် ဒါက ခဏတာပဲ...''

Together ForeverWhere stories live. Discover now