<Unicode>
"မေမိုး...ဩော်...ဟဲ့...ထမင်းစားရင်း ဘာတွေ တွေးနေ
တာလဲ...မနက်က ဒေါ်မာလာနဲ့ စကားများတာကို
ုပြန်တွေးနေတာလား"စုစုအမေးကို သူမ ခေါင်းရမ်းပြလိုက်သည်။ သူမနဲ့
ဒေါ်မာလာက စကားများနေကျမို့ မဆန်းတော့။သို့သော် ဒီတစ်ခေါက်ဖြစ်တဲ့ ကိစ္စက သာမန်လို
မဟုတ်တော့ သူမရင်ထဲ အစိုင်အခဲကြီး ဖြစ်နေတာ
တော့ အမှန်ပင်။သို့သော် သူမ တွေးနေတာက ဒေါ်မာလာနဲ့ စကား
များတာကို မဟုတ်။ မနေ့ညက သူမ အိပ်မက် မမက်။
မနက်ခင်းထိ ကောင်းစွာ အိပ်ပျော်ခဲ့သည်။ မနေ့ညက
သူမအတွက် အလွန်ဆိုးဝါးတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပေမယ့်
အရင်ကလို ဖေဖေ့ကို အိပ်မက် မက်တာမျိုး မဖြစ်ခဲ့။'ဘာလို့ပါလိမ့်...မေမေကလည်း ငါ မနေ့က
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာလို့ ပြောတယ်...
ငါ တကယ်ပဲ အိပ်မက် မမက်ခဲ့ဘူး...မနေ့ညက
အရမ်း ကြောက်ပြီး ပင်ပန်းခဲ့ရတာကို...ဘာလို့ပါလိမ့်'"ကဲ...တော်ပြီ...ဆက်တွေး မနေနဲ့...မြန်မြန်စား...ဒီနေ့
ဘွားတော်ရှိတယ်"ဒေါ်မာလာက အပြင်မှာ ကောင်လေးတွေ ထိုင်နေတဲ့
ဝိုင်းနား ရစ်သီရစ်သီ လုပ်နေ၍ သူမတို့ ထမင်းစားနေ
တာကို မနှောင့်ယှက်နိုင်သေး။"ဒါနဲ့ မေမိုး...ဒေါ်မာလာ ပြန်ရောက်လာပြီ...ငါတို့
ပြောထားသလိုပဲ သတိထားဦးနော်"ဇင်မာရဲ့ အမေးကို သူမ ပြုံးရင်း ခေါင်းညိမ့်ပြလိုက်
သည်။ တကယ်ဆိုရင် သူမတို့ပြောတဲ့ အဖြစ်ကို
မနေ့ညကပဲ ကြုံခဲ့ရပြီးပြီလေ။ ဒါကိုတော့ ထည့် မပြော
ဖြစ်တော့။ သူမကို ပို၍ စိတ်ပူသွားနိုင်သည်။@@@@@@@@@@@@@@@
°ဝေယံမြင့်မိုရ်° ဆိုတဲ့ ကုမ္ပဏီကြီးထဲကို သူ ဝင်လာ
ကတည်းက သူ့ကို ကြည့်ကွက်ကြည့်ကွက် လုပ်သွား
ကြတဲ့ လူတွေကို တွေ့လိုက်ရသည်။ သူ ဝင်လာတာကို
ယောက်ျားတွေရော မိန်းမတွေကပါ လှည့်ကြည့်ကြ
သည်။ဆံပင်ကို ပြောင်သိမ်း စည်းထားရင်း သားရေဂျာကင်
အနက်ရောင်ကြီးကို အပေါ်က ထပ်ဝတ်လျက်
ရှူးဖိနပ်သံ တဂွက်ဂွက်နဲ့ လျှောက်လာတဲ့ သ့ူပုံစံ။
YOU ARE READING
Together Forever
Romanceအချစ်ဆိုတာ ကိုယ်သတိမထားမိတဲ့အချိန်မှာ ဖြစ်ပေါ်လာတာမျိုး... အခ်စ္ဆိုတာ ကိုယ္သတိမထားမိတဲ့အခ်ိန္မွာ ဖြစ်ပေါ်လာတာမျိုး...