Episode -17

997 41 0
                                    

<Unicode>

"မေ...မင်း ဒီကို ဘာလာလုပ်တာလဲ"

မေမိုးက အပေါ်ထပ်ကို တက်သွားသဖြင့် ဧည့်ခန်းထဲမှာ
သူနဲ့ ကလျာမေသာ ကျန်ရစ်ခဲ့သည်။

"ကိုစိုးရယ်...မေ့ကို အဲ့လို စိမ်းစိမ်းကားကားကြီး မပြော
ပါနဲ့...မေက ကိုစိုးရဲ့ အချစ်တွေကို စော်ကားခဲ့မိတာ
မှန်ပါတယ်...ဒါကြောင့် အရမ်းလည်း နောင်တရမိ
ပါတယ်"

ကလျာမေပြောသမျှကို နားထောင်ရင်း လက်သီးကို
ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

"ခု မေ ကိုစိုးဆီ ပြန်လာပြီလေ...မေ့ကို အရင်လို
ချစ်နေတုန်းပဲ မဟုတ်လားဟင်"

သူ့လက်ကို ရဲတင်းစွာ လာကိုင်တဲ့ ကလျာမေရဲ့လက်
ကို အေးစက်စွာပဲ ဖယ်ပစ်လိုက်သည်။

"ငါလက်ထပ်ပြီးပြီ ကလျာမေ...ခုနက ငါ့မိန်းမ"

"သိတယ်လေ...သူကိုယ်တိုင် ပြောပြတာ...ကိုစိုးတို့က
မိဘတွေ ပေးစားလို့ ယူခဲ့ကြတာဆို...ဒါကြောင့်
ကိုစိုးရင်ခွင်ထဲကို မေ ပြန်လာချင်တယ်...မေ့ကို ခွင့်ပြု
နော်"

ပြောပြောဆိုဆို သူ့ပါးတစ်ဖက်ကို နမ်းလိုက်တဲ့ မေ။
အရင်လိုဆို သူ အရမ်းပျော်မိမှာပါ။ ခုတော့ သူမ အနမ်း
တွေက သူ့အတွက် အော်ကလီဆန်ချင်စရာ။

"မင်း ပြန်တော့ မေ...ငါနဲ့ မင်းရဲ့ ဇာတ်လမ်းက ပြီးခဲ့ပြီ...
ကိုယ့်လမ်းကိုယ် လှေျှာက်ပါ...ငါ့ဘဝထဲကို
ပြန်ဝင် မလာခဲ့နဲ့"

"ကိုစိုးက မေ့ကို အဲ့လိုပဲ ရက်စက်တော့မှာလား"

သူ ထရပ်လိုက်တာကို သူမကပါ လိုက်ရပ်ရင်း
သူ့လည်ပင်းကို သိုင်းဖက်ကာ နွဲ့နွဲ့နှောင်းနှောင်းလေး
ပြောလိုက်သည်။

အရင်က သူ စွဲမက်ခဲ့တဲ့ သူမရဲ့ အလှတရားတွေက
ခုချိန်မှာတော့ သူ့အတွက် အရမ်းပဲ အကျည်းတန်နေ
သည်။

"မင်းရဲ့ မာယာတွေနဲ့ ငါ့ကို လာမဖက်တွယ်နဲ့တော့...
မင်းလို သာရာ နားတတ်တဲ့ မိန်းမမျိုးကို ငါ သိပ်မုန်း
တယ်...ဒါကြောင့် ငါ့ဘဝကြီးထဲကနေ ထွက်သွားပါ
တော့...ငါတို့ရေစက်ကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့"

Together ForeverDove le storie prendono vita. Scoprilo ora