<Unicode>
''ငါ့တူ နယ်ဘက်ကို ခရီးသွားရလိမ့်မယ်''
''ဗျာ !...ဘာလို့လဲဦးလေးရ...အလုပ်ကိစ္စ
ကြောင့်လား''ဝေယံ့အမေးကို ဦးကောင်းထက် ခေါင်းရမ်းပြ
လိုက်သည်။''မဟုတ်ဘူး...ကိုယ်ရေးကိုယ်တာအတွက်
သွားရမှာ...အရေးကြီးတယ် ဝေယံ''''ဘယ်လောက်ကြာမှာလဲ''
''အသွားအပြန်ရော...လူရှာတာရောဆိုရင်
အနည်းဆုံးတစ်ပတ်လောက်တော့ ကြာမယ်''''တစ်ပတ်...ဒါဆို မေမိုးကိုပါ အတူခေါ်...''
''ခေါ်လို့မရဘူး ဝေယံ...အဲ့နေရာက
အရမ်းခေါင်တယ်...ရာသီဥတုလည်းကြမ်း
တယ်...မေမိုး ခံနိုင်ရည်ရှိမယ် မထင်ဘူး''''နေပါဦး ဦးလေးရ...အဲ့လောက်ရာသီဥတု
ကြမ်းတဲ့နေရာကို သွားရမယ့်အကြောင်းအရင်းက
ဘာများလဲ...ပြီးတော့ လူရှာရမယ်ဆိုတာကရော
ဘာကိုပြောတာလဲ''သူ့အမေးကို မဖြေခင် ဦးကောင်းထက်
အခန်းတံခါးကို သေချာသွားပိတ်လိုက်သည်။
ပြီးမှ ဝေယံနဲ့မျက်နှာချင်းဆိုင်က ဆိုဖာမှာ ဝင်ထိုင်
လိုက်ရင်း''ဒါက ငါတို့အတွက် လက်နက်တစ်ခုပဲ...
မင်းထိုက်ကိုနိုင်ဖို့ ငါတို့ဆီမှာ ဝှက်ဖဲတစ်ခုတော့
ရှိထားမှဖြစ်မှာ''ဝေယံ ဦးကောင်းထက်ပြောတာကို ငြိမ်သက်စွာ
နားထောင်နေလိုက်သည်။''ဒီပုံထဲကလူကို ရှာခေါ်ခဲ့နော်''
ဦးကောင်းထက်ကမ်းပေးတဲ့ ဓာတ်ပုံလေးကို
ကြည့်မိတော့ ဝေယံ နားမလည်နိုင်ဖြစ်သွားသည်။
ဓာတ်ပုံထဲမှာက လူတွေအများကြီး စုရိုက်ထား
တာပါ။အကြီးအကဲဖြစ်ဟန်တူသည့် အမျိုးသားကြီးနဲ့
အမျိုးသမီးကြီးတို့က ရှေ့ဆုံးကခုံမှာ တည်ငြိမ်
ုသောအပြုံးများဖြင့် ထိုင်နေကြပြီး သူတို့ရဲ့
ဘေးနားနဲ့ နောက်နားမှာတော့ အလုပ်သမားများ
က မတ်တတ်ရပ်နေကြသည်။''သူတို့ထဲက ဘယ်သူ့ကို ရှာရမှာလဲ''
''ကတုံးနဲ့တစ်ယောက်''
ဦးကောင်းထက်စကားကြောင့် တန်းခနဲ တွေ့လိုက်ရသည်။ အားလုံးထဲမှာ ကတုံးဆိုလို့
ဒီတစ်ယောက်သာပါတာမို့ ရှာတွေ့ရလွယ်ကူ
သွားသည်။ သို့သော်.........
BINABASA MO ANG
Together Forever
Romanceအချစ်ဆိုတာ ကိုယ်သတိမထားမိတဲ့အချိန်မှာ ဖြစ်ပေါ်လာတာမျိုး... အခ်စ္ဆိုတာ ကိုယ္သတိမထားမိတဲ့အခ်ိန္မွာ ဖြစ်ပေါ်လာတာမျိုး...