Episode -16

1K 43 0
                                    

<Unicode>

"မင်း အဝတ်အစား မလဲသေးဘူးလား"

အသံနဲ့အတူ ဝင်လာတဲ့ ဝေယံ့စကားကြားမှ သူမ
ခုထိ ထိုင်မသိမ်းကို မလဲရသေးမှန်း သိလိုက်ရသည်။

"ဟို...အင်း...လဲ...လဲတော့မှာ"

ရုတ်တရက် နှာခေါင်းထဲဝင်လာတဲ့ ချဉ်စူးစူး အနံ့ကြီး
ကြောင့် သူမ ဝေယံ့ကို အလန့်တကြား လှည့်ကြည့်
လိုက်သည်။

သူမကို မျက်လုံးလေး တစ်ဝက်လောက်ဖွင့်ပြီး
စိုက်ကြည့်နေတဲ့ ဝေယံ့ကို တွေ့တော့ လူက
ဆက်ခနဲဖြစ်ပြီး ဘာကို ကြောက်လို့ ကြောက်နေမှန်း
မသိတော့။

"ရှင်...ရှင် အရက်တွေ သောက်လာတာလား"

"အင်း...မသောက်ဖူးလို့ နည်းနည်းလေး စမ်းသောက်
ကြည့်တာ"

သူပုံစံက နည်းနည်း ယိုင်နေတာက လွဲလို့ အားလုံး
ပုံမှန်ပါပဲ။ ဒီနေ့ကျမှ ဘယ်လိုဖြစ်ပြီး သောက်ချင်စိတ်
ပေါက်လာမှန်း မသိ။

အရက်ဆိုင်ထဲ ဝင်ပြီး ဟန်ကြီးပန်ကြီးနဲ့ တစ်ပုလင်း
မှာပြီးမှ တစ်ခွက်ပဲ မော့ရသေး။ အရက်က လည်ချောင်း
ထဲ ပူဆင်းသွားပြီး ရင်တွေပါ ပူလာစေသည်။ သူလည်း
ဆက်မသောက်နိုင်တော့ဘဲ ငွေရှင်းပြီး ပြန်ခဲ့ရသည်။

ကားမောင်းတော့လည်း လူက အလိုလိုနေရင်း
ယိမ်းထိုးနေသည်။ လမ်းလျှောက်တော့လည်း
ခြေထောက်က မြေကြီးနဲ့ မထိတော့သလို။

သောက်ခါစက နေရခက်ပေမယ့် နည်းနည်းကြာလာ
တော့ လူက ထွေပြီး နေလို့ကောင်းနေသည်။
မည်သို့ပင်ဆိုစေ အိမ်ကို ကောင်းကောင်းမွန်မွန်
ပြန်ရောက်တာကိုပဲ ကျေးဇူးတင်ရမည်။

"ဒီမှာ...ကျွန်မ အဝတ်လဲချင်လို့"

"ဩော်...အင်း...လဲလေ"

"ရှင်က အဲ့မှာပဲ ရပ်နေမှာလား"

သူ့ကို လှမ်းမေးတဲ့ မေမိုးကို ကြည့်လိုက်တော့
ညအိပ်ဝတ်စုံကို ကိုင်ထားရင်း ကုတင်နားမှာ ရပ်နေ
သည်။ သူမ မေးတာကို မဖြေသေးဘဲ
စပ်ဖြီးဖြီးမျက်နှာပေးနဲ့ ပြုံးပြလိုက်ရင်း

"ဟဲဟဲ...ငါလား...ဒီနားမှာ မရပ်ပါဘူး"

ပြောပြောဆိုဆို အခန်းဝမှာ ရပ်နေရာကနေ သူမအနား
ကို တိုးကပ်လာသည်။

Together ForeverDonde viven las historias. Descúbrelo ahora