Episode -32(final)

3.3K 82 2
                                    

<Unicode>

***Together Forever***
episode -32(final)

ကောင်းကင်ထက်မှာ လမင်းကြီးက အေးမြသော
အလင်းရောင်နဲ့ လောကကြီးကို လွှမ်းခြုံထား
လေသည်။ ည ၈ နာရီဆိုတဲ့အချိန်က အရမ်းကြီး
ညဥ့်မနက်သေးပေမယ့် ဒီလိုနေရာမျိုးမှာတော့
သန်းခေါင်ယံထက်ပင် ညဥ့်နက်နေသည်။

တစ်ဖက်ကပို့ထားတဲ့ message ကြောင့်
မေမိုး ဒီနေရာကိုရောက်လာခဲ့သည်။
မြိုင်စံအိမ်ကြီးဆီကိုတော့မဟုတ်။ ထိုအိမ်ကြီးနဲ့
အနည်းငယ်လှမ်းတဲ့အဝေးပြေးလမ်းမကြီးမှာပါ။

ဘယ်လိုပဲအကျပ်ကိုင်ကိုင် လွတ်လမ်းမမြင်တဲ့
ကျားခံတွင်းဝထဲကိုတော့ အသေခံပြီးမဝင်နိုင်။
သေရမယ်ဆိုရင်တောင် သေရကျိုးနပ်
အောင်တော့လုပ်သွားရပေမည်။

သူမ ရောက်ပြီး ၁၅ မိနစ်လောက်နေတော့
ကားမီးရောင်စူးစူးနဲ့အတူ သူမဆီကိုကားတစ်စီး
ရောက်ရှိလာသည်။ ကားပေါ်မှဆင်းလာတဲ့လူ
တွေကိုကြည့်ရင်း မေမိုး တစ်ချက်ကျေနပ်သွား
သည်။

'ရောက်လာပြီပေါ့...ဒေါ်မာလာ'

ကားထဲမှ ဒေါ်မာလာနဲ့အတူ သူမရဲ့နောက်လိုက်
၃ ယောက်လည်းပါလာသည်။ မေမိုးက
လမ်းမရဲ့တစ်ဖက်မှာရှိနေတာမို့ မေမိုးရှိရာကို
တစ်လှမ်းချင်းလျှောက်လာကြသည်။

မေမိုးရဲ့လက်ကလေးကလည်း သူမ ဝတ်လာတဲ့
ရှပ်အကွက်လက်ရှည်လေးရဲ့အိတ်ကပ်ဆီကို
မသိမသာလှုပ်ရှားသွားသည်။

@~~~~@~~~~@~~~~@~~~~@

"ဦးလေး...ကျွန်တော်ရောက်ပြီဆိုတာ
ဘယ်လိုသိလဲ...ကျွန်တော်လည်းလှမ်းမပြောမိ
ပါဘူး"

"မေမိုးဖုန်းဆက်ပြောတာ...မင်းကိုသွားကြိုပေး
ပါဆိုလို့ မအားတဲ့ကြားကထွက်လာရတာ"

"အဟဲ...ဦးလေးကလည်း...ကိုယ့်တူလေးကို
လာကြိုရတာလေးကို ညည်းနေတယ်"

"ညည်းတာမဟုတ်ဘူးကွ...ငါ့စိတ်ထဲတစ်မျိုးကြီး
ဖြစ်နေလို့"

"ဟင် !...ဘာကိုလဲ"

ဦးကောင်းထက်ခမျာ ဘေးမှာထိုင်လိုက်လာတဲ့
ဝေယံ့ကိုကြည့်ပြီး စကားတွေပြောလိုက်၊ ရှေ့ကို
လည်းကြည့်မောင်းရနဲ့ အလုပ်ရှုပ်နေသည်။

Together ForeverOù les histoires vivent. Découvrez maintenant