<Unicode>
ခုထိ သတိမရသေးတဲ့ ထူးဝေကို ကြည့်ရင်း
မေမိုး မျက်ရည်တွေက အလိုလို ကျလာပြန်သည်။ထူးဝေ ခုလို ဖြစ်သွားရတဲ့အတွက် သူမကိုယ်သူမ
အပြစ်တင် မဆုံး ဖြစ်မိသည်။သူမသာ ဝေယံနဲ့ လက်ထပ်ဖို့ သဘောတူခဲ့ပြီး
ထူးဝေအချစ်ကို ငြင်းဆန်ခဲ့ရင် ခုလိုတွေ ဖြစ်လာမှာ
မဟုတ်။ကုတင်ဘေးက ခုံရှည်လေးမှာ ဝင်ထိုင်လိုက်ရင်း
သူ့လက်လေးကို ဆုပ်ကိုင်ထားလိုက်သည်။ထူးဝေရဲ့ ကုသစရိတ်တွေအတွက် သူမလည်း
မတတ်နိုင်။ ထူးဝေမှာလည်း စုထားတဲ့ ငွေ ပါးပါးသာ
ရှိတာမို့ ကုန်ကျစရိတ်အားလုံးကို ဝေယံကသာ
တာဝန်ယူထားလိုက်သည်။"ကျွန်မ တောင်းပန်ပါတယ် ကိုထူးဝေ...ကျွန်မကြောင့်
ခုလို ဖြစ်သွားရတဲ့အတွက် တကယ်တောင်းပန်ပါတယ်""မေမိုး"
"ဩော်...မယွန်း...ရောက်လာပြီလား"
အခန်းထဲကို ယွန်းဝင်လာတာမို့ သူမပါးပြင်ပေါ်က
မျက်ရည်တွေကို ကမန်းကတန်း သုတ်ပစ်လိုက်သည်။"ဒီမှာ...ထူးဝေရဲ့ အဝတ်အစားတွေ...နင် အိမ်ပြန်နား
လိုက်ဦးလေ...မနေ့ကတည်းက မနားရသေးဘူး မလား
ထူးဝေကို ငါစောင့်ထားလိုက်မယ်""ရပါတယ်...မယွန်း အလုပ်ပျက်နေရလိမ့်မယ်...
ကျွန်မပဲ ဆက်စောင့်...""ဒီလိုနဲ့ နင်ပါ လဲသွားရင် ဘယ်လိုလုပ်မလဲ...
ကိုယ့်ကိုကိုယ် အပြစ်တင်တာ တော်သင့်ပြီ မေမိုး.
နင် ခုလိုပုံစံမျိုး ဖြစ်နေတာကိုသာ ထူးဝေသိရင်
စိတ်ကောင်းမှာ မဟုတ်ဘူး...သူက နင့်ကို တအားချစ်
တာ...နင်သာ သူ့ကြောင့် တစ်ခုခု ဖြစ်သွားရင် သူ ပိုပြီး
ခံစားရလိမ့်မယ်"ယွန်း မငိုမိအောင် ထိန်းပြီး ပြောနေရတာမို့ အသံတွေ
က တုန်ခါနေသည်။ မေမိုး ငိုနေတော့ သူမကပါ
မျက်ရည်ကျလို့ ဘယ်ဖြစ်မလဲ။ ငိုနေတဲ့သူကို
အငိုတိတ်စေဖို့ သူမက စိတ်ခိုင်မှ ဖြစ်မည်လေ။"အိမ်ပြန်ပြီး ခဏ နားလိုက်ပါ မေမိုးရယ်...နော်"
"ဟုတ်...ဒါဆို ကျွန်မ သွားတော့မယ်နော်"
YOU ARE READING
Together Forever
Romanceအချစ်ဆိုတာ ကိုယ်သတိမထားမိတဲ့အချိန်မှာ ဖြစ်ပေါ်လာတာမျိုး... အခ်စ္ဆိုတာ ကိုယ္သတိမထားမိတဲ့အခ်ိန္မွာ ဖြစ်ပေါ်လာတာမျိုး...