*Knock Knock*
Taeyong တံခါးခေါက်သံကြားတော့
ရေချိုးခန်းထဲမှာ သူ့အ၀တ်အစားတွေကို
ရေနွေးနွေးထဲထည့်ပြီး လျှော်နေရင်းမှ
ထ၍ တံခါးသွားဖွင့်ပေးလိုက်သည်။အခန်းဝမှာက..ဘာလေးလဲဟ!!
တကယ်..ဘာလေးလဲ!!
LeeTaeyong လို cool-guy style အားထိတ်လန့်စေသည့်တရားခံမှာ ယခု သူ့ရဲ့တံခါးရှေ့တွင် ကျောင်းဝတ်စုံဖြင့်
ခရီးဆောင်အိတ်ကြီးလက်ထဲကိုင်ကာ..
ကျောပိုးအိတ်လွယ်ထားသည့်..သူနဲ့အရပ်
တူတူကောင်လေး..အာ!အဓိကထူးခြား
ချက်ကျန်ခဲ့တာ..ဆံပင်တွေကခေါက်ဆွဲ
ခြောက်တွေလို လိမ်တွန့်ကောက်လို့..
အရောင်ကအစ..ခေါက်ဆွဲရောင်လေး!!
အရုပ်လေးနဲ့တူတယ်လို့ ခဏခဏ လူတွေ
ပြောနေကြသည့် သူ့ထက်ပင်...ထိုကောင်
လေးကပို၍ အရုပ်လေးနှင့်တူသည်။"Excuse me? ကျွန်တော် အထဲဝင်ရဦး
မှာလား.."နားထဲကန့်လန့်ဝင်လာသော အင်္ဂလိပ်အသံ
ကြောင့် ရုတ်တရက်ကြောင်နေရာမှ ထို
ကောင်လေး ၀င်ရန် သူတံခါးမှဖယ်ပေးလိုက်တော့...သူ့ဘေးနားမှဖြတ်သွား
သော ကောင်လေး၏ဆံပင်မှ မက်မွန်သီးနံ့
သင်းသင်းလေးဖြင့်မွှေးကျန်ခဲ့သည်။"Woow..Oh my god..So Clean...
Woow..မိုက်တယ်"Taeyong လဲ သူ့အခန်း
တစ်နည်းအားဖြင့် သူနဲ့ထိုကောင်လေး
နေရမည့်အခန်းကို ထိုကောင်လေးက
ချီးကျူးနေသောကြောင့်.."ကျေးဇူးပါ.."
သူ့စကားကြားတော့ အပြုံးချို ချို လေးဖြင့်
ကောင်လေးကဆိုလာသည်"Arr မိတ်ဆက်ဖို့မေ့နေတာ..တွေ့ရတာ
ဝမ်းသာပါတယ်..MarkLeeပါ..ကနေဒါက
ပြောင်းလာတာပါ..တက္ကသိုလ်ပထမနှစ်အတန်းမှာစတက်မှာပါ..ကြည့်ရှုစောင့်
ရှောက်ပေးဖို့မေတ္တာရပ်ခံပါတယ်..ကျေးဇူး
တင်ပါတယ်"အရှည်ကြီးပြောချလာသောကောင်လေး
စကားတွေကြောင့်

ANDA SEDANG MEMBACA
MY HALF
Fiksyen PeminatI hate you!ကျွန်တော့်ကို Hyung လိုများထင်နေလား..ကျွန်တော် Gay မဟုတ်ဘူး...။ MARK LEE♥ ကို...တောင်းပန်ပါတယ်..ကို့မှာဒီစကား အပြင်ပြောစရာမရှိတော့ပါဘူး...။ ကိုမင်းကိုချစ်တယ်..Minnie..။ ...