"Wong Yuk-hei!! ငါ့အကြွေးတွေဘယ်တော့ဆပ်မှာလဲ!?"
ဒါကကျွန်တော်မနက်တိုင်းကြားနေကျအသံတွေ...။
ဒီအသံတွေကိုဂရုမစိုက်ပဲခေါင်းအုံးနဲ့နားကိုအုပ်ကာစောင်ခေါင်းမြီးခြုံပြီးအိပ်နေကြ...။
ခေါင်မိုးထပ်ကအခန်းကျဉ်းလေးမှာနေတဲ့ကျွန်တော့်ကိုရှိသမျှအကြွေးရှင်တွေရအောင်ရှာနိုင်ကြတာလည်းသူတို့ရဲ့နည်းတဲ့နောတဲ့ skill လား...? xD
Wong Yuk-hei.. ကိုယ့်နာမည်ကိုအမြဲကြားနေရလို့လားမသိဘူး...မုန်းတောင်မုန်းချင်လာတယ်...။
မဟုတ်ဖူး...ကျွန်တော့်အဖေ..သူ့မျိုးရိုးနာမည်ပါနေလို့....ဖခင်ကောင်းတစ်ယောက်မပီသတဲ့ကျွန်တော့်အဖေရဲ့မျိုးရိုးနာမည်ပါနေတာကြောင့်ကိုယ့်နာမည်ကိုအရမ်းမုန်းမိတယ်...။
ကျွန်တော်နဲ့သူ့ဇနီးကိုပစ်ထားခဲ့ပြီးနောက်မိန်းမယူသွားတဲ့ယောကျင်္ားမပီသတဲ့ကျွန်တော့်အဖေကိုကျွန်တော်မုန်းတယ်...။
သူ့ကြောင့်လည်းကျွန်တော်အရမ်းချစ်ရတဲ့မားဒီလောကထဲနေထွက်သွားခဲ့ရတယ်။
ခေတ်မီကောင်းမွန်တဲ့ဆေးရုံတွေမှာတောင်မားကဆေးကုသမှုမခံယူသွားရရှာဘူး...။
ဒါတွေကိုတွေးမိတိုင်းရင်ထဲကတစ်ဆစ်ဆစ်နဲ့နာကျင်ရတယ်။ ခံပြင်းသလိုအဖေဖြစ်သူကိုလည်းမုန်းမိတယ်...။
Middle School တက်နေချိန်မှာအမေကအပြင်းဖျားတာကြောင့်မရှိမယ့်ရှိမယ့်ပိုက်ဆံလေးနဲ့ဆေးဝယ်တိုက်ခဲ့ပေမယ့်ထင်သလောက်မသက်သာခဲ့တော့နောက်ဆုံးမှာသူကျွန်တော့်ကိုနှုတ်ဆက်သွားရရှာတယ်။
အဖေနဲ့ပက်သက်တဲ့စိတ်ဆင်းရဲမှုတွေ၊စီးပွားရေးမပြေလည်မှုတွေ၊မိသားစုပြသနာတွေအားလုံးကမားကိုဖျားစေတယ်။
မားဆုံးပြီးတစ်လအကြာမှာကိုရီးယားလူမျိုးကိုယူထားတဲ့အဒေါ်ကကျွန်တော့်ကိုကိုရီးယားစကားသင်ပေးပြီး Seoul မြို့ကိုခေါ်လာခဲ့တယ်။ အခုတော့သူလည်းစီးပွားရေးကျလို့ကျွန်တော့်ကိုကျောင်းဆက်မထားပေးနိုင်တော့ဘူး။ အဲ့ဒါကြောင့်ကျွန်တော်လည်းသူ့အိမ်ပေါ်ကဆင်းလာပြီးရသမျှအလုပ်အကုန်လုပ်ပြီးကျောင်းလခပေးတယ်။ အိမ်လေးငှားပြီးတစ်ယောက်တည်းပဲနေလာတာအခုဆို ၄ နှစ်ရှိပြီ...။