Jungwoo ဒုတိယနေ့ကျောင်းတက်ခြင်း။
"Kim Jungwoo!!"
ခေါ်သံကြောင့်လှည့်ကြည့်လိုက်တဲ့အချိန်မှာဟိုးလေးတကျော် Lucas ကအနောက်ကနေစက်ဘီးနဲ့ Jungwoo ဆီအမြန်လာနေတာဖြစ်သည်။
"ဟူး...မောလိုက်တာကွာ..တူတူသွားမယ်လေ"
ကျောင်းပေါက်ဝတွင် Jungwoo ကိုလိုက်ပို့သူ Driver ကပြန်သွားပြီဖြစ်လေသည်။
ကျောင်းထဲဝင်မည်လုပ်နေချိန်အနောက်မှ Lucas ကသူ့နောက်အမှီလိုက်လာခြင်းဖြစ်သည်။
"မသွားချင်ဘူး..ငါအရင်ရောက်တာ..ငါအရင်သွားမယ်"
"ဟာ! အဲ့လိုတော့မလုပ်ပါနဲ့ကွာ မင်းကလည်း.. တစ်တန်းတည်းကို.."
"မင်းနဲ့ကိုမသွားချင်တာ..."
"မနေ့ကလိုခံနေရဦးမယ်နော်.."
"ဘာကွ!"
"ဟီး! စတာပါ...လာ..သွားရအောင်"
ကျွန်တော်သူ့လက်ကိုအတင်းဆွဲပြီးခေါ်သွားမှပဲအတူတူသွားလို့ရတော့တယ်။
ဒါတောင်တစ်လမ်းလုံးဆူပုတ်ပုတ်နဲ့ရုန်းနေသေးတာ။
စာသင်ချိန်တစ်ချိန်ကုန်ဆုံးခြင်း။
"Jungwoo.."
"ဘာလဲကွာ!!!"
ထုံးစံအတိုင်းကျွန်တော်အနောက်ကနေသူ့ကုတ်ပိုးဖွေးဖွေးလေးကိုငေးရင်းနဲ့စာတွေဘာသင်သွားမှန်းတောင်မသိလိုက်ရပါဘူး။
"Canteen အတူသွားရအောင်"
"ငါထမင်းဘူးပါတယ်"
"အာ့ဆို ငါသွားဝယ်လိုက်မယ် တူတူစားမယ်နော်"
"....."
ကျွန်တော်ကသာသူနဲ့နီးစပ်ချင်နေတာ။ သူကတော့ရှောင်ဖယ်ဖယ်နဲ့။ မခင်ချင်သလို ဘာလိုလိုနဲ့။ ပုံစံလေးကသူဌေးသားဆိုတော့လည်းအဲ့လောက်တော့ရှိမှာပေါ့လေ။
ကျွန်တော်သူ့အပေါ်လုပ်မိတဲ့အပြစ်ကလည်းနည်းတာမှမဟုတ်တာ။
Chenle တို့ စ လည်းမတတ်နိုင်ဘူးဆိုပြီးသူတို့နဲ့အတူ canteen မထိုင်ပဲထမင်းကြော်တစ်ပွဲဝယ်လာပြီးအတန်းထဲမှာ Jungwoo နဲ့စားတယ်။
![](https://img.wattpad.com/cover/146313165-288-k687509.jpg)