ပြောင်လက်နေသော ရှည်လျားသည့် ဖန်ခွက် အကောင်းစားများကို အဝတ်ဖြူဖြင့် ပြောင်လက်စွာ ပွတ်တိုက်နေရင်း ကျွန်တော် ဟိုကောင်လေးအကြောင်း စဉ်းစားနေမိတယ်။
Jungwoo.
ကျွန်တော့်ထက် ကြီးပေမယ့် ကျွန်တော့်ထက် အရပ်ပုပုလူကောင်သေးသေးနဲ့ နုနုဖတ်ဖတ် ထိုအနှီကောင်လေးကို ကျွန်တော့်ထက်ငယ်တယ်လို့ပဲ တစ်ခါတစ်ခါတွေးမိတယ်။
သူဌေးသားနုနုထွတ်ထွတ်လေးကို ကျွန်တော် အရောင်ဆိုးမိတော့မယ်လို့ တွေးမိပြန်တော့လည်း စိတ်မကောင်းဖြစ်ရပြန်တယ်။
သို့သော်လည်း ဆပ်စရာအကြွေးများဝိုင်းနေပြီး လောလောလတ်လတ် မနည်းခယတောင်းပန်ထားရတဲ့ Renjun နဲ့ Chenle တို့ရဲ့ ရက်ရွှေ့ပေးမှုကို Jungwoo နဲ့ အပေးအယူလုပ်ရင်း ရတောင့်ရခဲ ရခဲ့တာကြောင့် သူ့ကို ကျွန်တော် အပိုင်ကြံမှရတော့မလိုု ဖြစ်နေတယ်။
ကျွန်တော်က Straight တစ်ယောက်ဖြစ်ပေမယ့်လည်း ပိုက်ဆံနဲ့ပက်သက်လာရင် ဘာမဆိုလုပ်နိုင်တယ်။ကျွန်တော့်ဘဝမှာ ကျွန်တော်နေထိုင်ရဖို့ ပိုက်ဆံ လုံလုံလောက်လောက်ရှိလျှင်ရပြီ။ အချိန်ပိုင်းအလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေရတဲ့အပြင် ဖဲရှုံးလို့ ဆပ်စရာ အကြွေးတစ်ပုံကလည်း ရတဲ့လစာနဲ့ မလောက်တာကြောင့် Jungwoo ကိုရအောင်ယူပြီးမှ လိုနေတဲ့ ပိုက်ဆံကို နည်းနည်းလောက်ပဲဖြစ်ဖြစ် ဖြည်းဖြည်းချင်း ရမယ်လို့ ကျွန်တော်ထင်တယ်။
"Lucas!! အလုပ်ကို ဘယ်လိုလုပ်နေတာလဲ.. အဲ့ဒီဖန်ခွက်တစ်လုံးတည်းကိုတိုက်နေတာ တစ်နာရီလောက်ရှိပြီ.."
"ဟုတ်ကဲ့..တောင်းပန်ပါတယ်ဗျ.."
သူ့အကြောင်းတွေးရင်း Manager ဟောက်တာ ခံလိုက်ရတော့တယ်။ အခုကျွန်တော် ရောက်နေတဲ့နေရာက မြို့ထဲက နာမည်ကြီး Bar. အေးစိမ့်နေတဲ့ air-con လေအောက်မှာ Hot ဖြစ်နေတဲ့ ကောင်မလေးတချို့က မြူးကြွစွာ ကခုန်လို့ ကျွန်တော့်ကိုတောင် လှမ်းပြီး မျက်စပစ် ကြည့်နေကြတယ်။ ကျွန်တော်တောင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသွားမိတယ်။ ငါ အဲ့လောက်များ ချောနေလို့လား ဆိုပြီးတော့...