Renjun နဲ့ Chenle တောင်းဆိုလိုက်တဲ့အပေးအယူကကျွန်တော့်အတွက်အရမ်းထူးဆန်းနေတယ်။
ကျွန်တော်တင်မကပဲရှိသမျှယောကျင်္ားလေးတွေအတွက်လည်းထူးဆန်းနေမှာပဲဖြစ်တယ်။
ဒါဟာကျွန်တော်တို့လိုသာမာန်ယောကျင်္ားလေးတွေအတွက်ခက်ခဲတဲ့အရာမို့လို့ Chenle တို့ကျွန်တော့်ကိုအကြပ်ကိုင်လိုက်တာဖြစ်တယ်။
ကျွန်တော် Jungwoo ကိုချစ်ပါတယ်။ သူကအရမ်းချစ်ဖို့ကောင်းနေလို့အသည်းယားတယ်။ကျွန်တော့်ထက်အသက်ကြီးပေမယ့်ကျွန်တော့်လိုမဟုတ်ပဲနုဖတ်ပြီးချစ်ဖို့ကောင်းတဲ့သူ့ကိုချစ်တယ်။ ဒါပေမယ့်ယောကျင်္ားလေးချင်းတွဲရလောက်တဲ့ထိချစ်တာမဟုတ်သေးဘူး။ ကျွန်တော်ဟာ straight တစ်ယောက်ဖြစ်တဲ့အတွက်သူ့လိုယောကျင်္ားလေးမျိုးကိုမတွဲနိုင်ဘူး။ ဒါကို Chenle တို့သိရဲ့သားနဲ့အကြပ်ကိုင်လိုက်တာ...
ကျွန်တော့်ဆီမှာသူတို့ကိုအခုချက်ချင်းဆပ်ဖို့ပိုက်ဆံတစ်ပြားမှမရှိသေးဘူး။ မိဘမရှိမုန့်ဖိုးမရတဲ့ကျွန်တော့်ဘဝကိုကျွန်တော်မုန်းလိုက်တာ....
သူများတွေလိုအပတ်တိုင်းမုန့်ဖိုးရပြီးကိုယ်စားချင်တာစားလို့ရတဲ့ကျောင်းသားဘဝမျိုးကိုခဏလောက်တော့လိုချင်မိတယ်။
Jungwoo ဆိုရင်သူ့အိမ်ကကိုယ်ပိုင်းကားနဲ့ကျောင်းသွားကျောင်းပြန်လိုက်ပို့ပေးမယ့်driverတစ်ယောက်လုံးရှိတယ်။
လိုချင်တာဝယ်၊စားချင်တာစားလို့ရတဲ့လိုလေသေးမရှိတဲ့သူဌေးသားဘဝကိုပိုင်ဆိုင်ထားတယ်။
ကျွန်တော့်လိုတွေ့ကရာအလုပ်လုပ်ပြီးကျောင်းလခနဲ့စားစရိတ်၊အိမ်စရိတ်လောက်ငှအောင်သုံးနေရတဲ့ဘဝမဟုတ်ဖူး။
သူ့ကိုအားကျတယ်....ဟုတ်သားပဲ... ကျွန်တော့်သာသူ့ကိုတွဲနိုင်ရင်...သူ့မုန့်ဖိုးတွေလည်းကျွန်တော်သုံးလို့ရမှာပဲ...မေ့နေခဲ့တာ.... Chenle တို့ပြောတာမှန်တယ်... ကျွန်တော်သူနဲ့တွဲနိုင်အောင်လုပ်မှရမယ်... အဲ့ဒါဆို Chenle နဲ့ Renjun တို့ပိုက်ဆံကိုလည်းနောက် ၃ လ နေမှဆပ်လို့ရပြီ.. ကျွန်တော်လည်းသူဌေးသားကိုရပြီ.... သူဌေးသမီးကိုမရတဲ့အဆုံးတော့.. သူဌေးသားကိုရအောင်ယူရမှာပေါ့...တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ။
![](https://img.wattpad.com/cover/146313165-288-k687509.jpg)