Compromise of Love (Final)

618 58 1
                                    

Seoul သို့ပြန်ရောက်လာသောအခါ Chenle နှင့် Renjun ကိုဖုန်းဆက်၍ ချိန်းတော့သည်။

အိမ်လာမည်ဟူသော သူတို့နှစ်ယောက်စကားကြောင့် Lucas စောင့်နေရုံသာဖြစ်သည်။

တစ်နေကုန် Game ဆော့၍စောင့်နေပြီး အချိန်တန်သောအခါ ရောက်လာကြသည်။

အိမ်ထဲဝင်ကာ ထိုင်ချင်ရာဝင်ထိုင်ပြီး Game ဆော့နေသည်ကို နှောင့်ယှက်တော့သည်။

Lucas ၏ ဆဲနည်းပေါင်းစုံကို ကြားရပြီးမှ ရပ်တော့သည်။

သို့သော် သုံးယောက်သား အစက ပြန်ဆော့ကြသေးသည်။

အတန်ကြာမှ ရပ်လိုက်ကာ ကုတင်ပေါ်လဲချသည်။

"ဘာစားစရာရှိလဲ.."

ပြောပြီးသည်နှင့် မီးဖိုချောင်ဘက်သွားကာ ရေခဲသေတ္တာကို မွှေနှောက်ရှာရန်ပြင်တော့သည်။

သို့သော်လည်း မွှေနှောက်စရာမရှိအောင်ပင်ရှင်းလင်းနေသည်။

ရေသန့်တစ်ဘူးနှင့် Soju သုံးဘူးလောက်သာ ရှိပြီး ဘာစားစရာမှမရှိ။

"မင်းတို့လာမယ်ဆိုလို့ ငါအကုန်စားထားတာ Haha.."

ပြောင်စပ်စပ်နှင့် ပြောနေသော Lucas မျက်နှာမှာ ဖြတ်ရိုက်ချင်စရာ ကောင်းလှသည်။

Chenle မျက်စောင်းထိုး၍ နေရာတွင် ပြန်ထိုင်သည်။

Renjun နှင့် အတူလဲနေသော ကုတင်ပေါ်တက်၍ လဲသည်။

ခဏကြာမှ Lucas သတိရလာပုံရသည်။ ကုတင်ပေါ်မှ ထကာ ထိုင်လိုက်သည်။

"ဟေ့ကောင်တွေ ထကြ.."

"နေပါဦးကွာ... ပျင်းရတဲ့ထဲ.."

Renjun ၏ပျင်းရိသော အသံကို ဥပေက္ခာပြုကာ Chenle ဘက်လှည့်ပြောသည်။

"ထဦး.. ငါပြောစရာရှ်ိတယ်.."

"ဘာလဲ.."

စပ်စုလွန်းသော Chenle မှာ ကောက်ကနဲ ထထိုင်သည်။

"ငါအတည်ပြောမလို့.."

ထိုအခါမှ  Renjun ထပြီး ထိုင်ကာ Lucas ကိုကြည့်သည်။

"Jungwoo ကိစ္စ.."

နှစ်ယောက်လုံး စိတ်ဝင်တစားကြည့်ကာ ဆက်ပြောမည့်စကားကို နားထောင်နေသည်။

Compromise of Love Onde histórias criam vida. Descubra agora