Myeongdong စျေးသို့ လျှောက်ကြည့်နေသော Jungwoo နှင့် Lucas.
လက်ထဲ အကင်များလည်းရှိနေသည်။
လက်တွဲထားခြင်းတော့မရှိပေ။
လူစည်ကားလှသော ဒီစျေးထဲတွင် နှစ်ယောက်သား ဟိုကြည့်ဒီကြည့် ဟိုဟာဝယ်စား ဒီဟာဝယ်စားနှင့် အလုပ်ရှုပ်နေသည်။
ညနေစောင်း မှောင်စပျိုးလာချိန် Jungwoo အိမ်သို့ပြန်လိုက်ပို့ရန် ပြင်သည်။
Jungwoo အိမ်ရှေ့ရောက်ခါနီးတွင် ခဏရပ်လိုက်ပြီး တစ်ခုခုပြောရန် ပြင်သည်။
Lucas စိတ်ထဲမှ မသိနိုင်သော Jungwoo ၏လွှမ်းမိုးမှုများကို သူဘယ်လိုရှင်းပြရမည် မသိ။
သူ့ကိုယ်သူလည်း နားမလည်။
ဘာပြောမလဲဟု ကြည့်နေသော Jungwoo ကို အနမ်းတစ်ပွင့်သာ ခြွေလိုက်ပြီး ပြုံးပြသည်။
"ဘာလားကွာ..."
"ဟီး...ညကျမှ ဖုန်းဆက်လိုက်မယ်.."
"ငါပဲဆက်ပါ့မယ် မင်း bill မရှိဘူးမလား.."
အကြောင်းသိနေသော Jungwoo မှာ လှောင်ပြောင် ပြောပြီး ခြံထဲဝင်သွားသည်။
Lucas သွားများမစိနိုင်ပဲ ကျန်ခဲ့သည်။
ကျောင်းပိတ်ရက်မို့ ခရီးသွားချင်သော်လည်း ပိုက်ဆံကမရှိ။
ကိုယ့်ချစ်သူကို လိုက်ပို့ချင်သော်လည်း ကိုယ်ကိုယ်တိုင်တောင် ချွေတာသုံးနေရသည်မို့ Lucas စိတ်ညစ်မိသည်။
ပြီးမှ သူ့ကိုယ်သူ ပြန်စဉ်းစားမိသည်။
တကယ်တမ်း Jungwoo ဆီမှ ပိုက်ဆံခြူဖို့ အပေးအယူလုပ်ကာ တွဲခဲ့ခြင်းဖြစ်ပေမယ့် အခုကျပြန်တော့လည်း Jungwoo ကိုကာကွယ်ပေးချင်သည်။ စောင့်ရှောက်ပေးချင်သည်။ သူ့ကိုယ်ပိုင်ပိုက်ဆံနှင့် Jungwoo ပျော်အောင် ခရီးတစ်ခု လိုက်ပို့ချင်သည်။
ထိုဆန္ဒများသည် မသိစိတ်မှ တစ်ဆင့် အသိစိတ်ဆီသို့ တစ်ဖြည်းဖြည်းနေရာယူလာခဲ့သည်။
Jungwoo နဲ့ပက်သက်လို့ခံစားချက်ထားမရသော်လည်း အခုဘာလို့ ဒီလိုတွေ လုပ်ပေးချင်နေမှန်းမသိ၍ အကြိမ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ခဲ့ရသည်။