ဘေးမှသူငယ်ချင်းအုပ်စုပြောနေတဲ့ထိကပါးရိကပါးစကားတွေကြောင့်သူ့မျက်နှာဆူပုတ်ပုတ်လေးကဖြတ်ခနဲနီမြန်းသွားတာကိုကျွန်တော်သတိထားမိလိုက်တယ်။
ချစ်ဖို့ကောင်းလွန်းတဲ့သူ့ကိုပိုပြီးစချင်တဲ့စိတ်နဲ့ငေးကြည့်နေမိပေမယ့်သူကတော့ကျွန်တော်သူ့ကိုကြည့်နေတာတွေ့လို့ချက်ချင်းအကြည့်လွှဲသွားတယ်။
ဒီနေ့မှကျောင်းစတက်တဲ့သူ့ကိုကျွန်တော်ဒုက္ခတွေအများကြီးပေးလိုက်မိတာကိုအခုထိအားနာလို့မဆုံး။
နေ့လည်ပိုင်း breaktime အချိန်ပြီးလို့ဆရာမကဝင်လာပြီးစာသင်တော့တယ်။
အဲ့တော့ကျွန်တော်လည်း Chenle တို့ထိုင်ခုံနားမှထကာကျွန်တော့်နေရာဖြစ်တဲ့သူ့အနောက်ကိုဝင်ထိုင်လိုက်တယ်။
ထုံးစံအတိုင်းသူ့ရဲ့ကုတ်ဖွေးဖွေးလေးကိုငေးရင်းနဲ့စာသင်ချိန်တစ်ချိန်ပြီးသွားတယ်။
ဆရာမထွက်သွားတော့ကျွန်တော်သူ့ကိုစကားပြောဖို့ကြိုးစားကြည့်သေးတယ်။
ဒါပေမယ့်ဘူးဘူးခါငြင်းနေတဲ့သူကတော့ကျွန်တော့်ကိုအဖတ်တောင်မလုပ်။
"Jungwoo yaa.."
"ဘာလဲကွာ!!!"
"ငါ့ကိုခွင့်လွှတ်ပေးပါကွာ...နော်..."
"အံမယ်..မင်းတောင်းပန်နေတာဘယ်နှကြိမ်ရှိပြီလဲကွ!"
Chenle ကအနားရောက်လာပြီးစပြန်တော့သူ့မျက်နှာလေးကပျက်သွားရပြန်ရော။ အဲ့လိုလေးဖြစ်သွားလေသူ့ကိုပိုစချင်လေဖြစ်လာတယ်။ အသည်းယားလို့ပါးလေးတွေကိုလိမ်ဆွဲပလိုက်ချင်ပေမယ့်ထိမရကိုင်မရတဲ့ပန်းချီကားတစ်ချပ်လိုတန်ဖိုးရှိစွာထိုင်ကြည့်နေရတယ်။ ထိလိုက်တာနဲ့နှုတ်ခမ်းလေးဆူပြီးကောက်ဦးမှာလေ။
အဲ့လိုချစ်ဖို့ကောင်းတဲ့ကျောင်းသားသစ်လေးကျွန်တော်တို့အခန်းထဲရောက်လာတာကျွန်တော့်အတွက်တော့စနောက်ချင်စရာကလေးလေးတစ်ယောက်ရောက်လာသလိုပါပဲ။
"Chenle!! မင်းအေးဆေးနေကွာ..ငါ့ကိုခွင့်မလွှတ်သေးလို့ညစ်နေရတဲ့ထဲ..မင်းကတစ်မျိုး..."
![](https://img.wattpad.com/cover/146313165-288-k687509.jpg)