"ဘာကြည့်နေတာလဲ..!?"
ကျွန်တော်လည်းသူဘုကြည့်ကြည့်ပြီးမေးမှကိုယ့်ဘာသာကိုယ်ပေါက်ကရတွေလျှောက်တွေးမိနေမှန်းသတိထားမိတော့တယ်။
"ဘာ..ဘာမှမဟုတ်ပါဘူး.. လာ.. သွားရအောင်.."
အဲ့လိုနဲ့ကျွန်တော်တို့နှစ်ယောက်အတူတူပြန်လာခဲ့ကြတယ်ဆိုပါတော့။
ဟိုတစ်ခေါက်ကလိုကျွန်တော်ကသူ့ကိုကျွန်တော့်ဆီမှာရှိတဲ့စက်ဘီးအစုတ်လေးနဲ့သူ့အိမ်ရှေ့ထိရောက်အောင်လိုက်ပို့တယ်။
ဒါဟာသူ့ကိုလိုက်ပို့တာဒုတိယအကြိမ်ပေါ့။ Renjun တို့ကိုပိုက်ဆံဆပ်ဖို့အချိန်ကာလကြာကြာရအောင်သူတို့ပြောတဲ့အတိုင်း Jungwoo ကိုချဉ်းကပ်ရမယ်မလား..? ပြီးတော့..Jungwoo ကလည်းသူဌေးသားဆိုတော့.... ကျွန်တော်လိုအပ်နေတဲ့ငွေတွေ..သူ့ကိုသာရရင်.. အရေးကြီးတာ... သူကျွန်တော့်လိုယောကျင်္ားလေးတစ်ယောက်ကိုစိတ်ယိုင်လာအောင်လုပ်နိုင်ဖို့ပဲ..
သူဌေးသားလေးကိုစည်းရုံးဖို့ဆိုရင်သူ့ကိုအရင်ဂရုစိုက်ပေးမှရမယ်။ ပြီးရင်သူ့အပေါ်အနွံ့တာခံပေးရမယ်။ ဥပမာ ကိုယ်အိမ်ပြန်နောက်ကျရင်ကျပါစေ။ သူ့အိမ်ထိကွေ့ပတ်ပြီးလိုက်ပို့တာမျိုးပေါ့။
ဒီလိုနဲ့လမ်းမှာသူ့ဖုန်းနံပါတ်ကိုကျွန်တော်ရအောင်တောင်းလာခဲ့တယ်။ ကြောက်တတ်ပြီးနူးညံ့လွန်းတဲ့သူ့ကိုမပေးရင်စက်ဘီးကိုအတင်းနင်းမှာတို့လိုက်မပို့တော့ပဲလမ်းတစ်ဝက်မှာချခဲ့မှာတို့ဘာတို့စနောက်ကျီစယ်ရင်းပေါ့။
အိမ်ရောက်တော့အကြွေးရှင်အဒေါ်ကြီးတွေကအိမ်ပေါက်ဝမှာဆီးကြိုစောင့်နေလေရဲ့။
သမ္မတတောင်သူတို့လောက်အလုပ်ရှုပ်မယ်မထင်ဘူး။သူတို့မှာတစ်နေ့တစ်နေ့ကျွန်တော့်ဆီကမရနိုင်တဲ့အကြွေးတွေကိုမိုးလင်းကနေမိုးချုပ်လာလာတောင်းနေကြတာတကယ်အံ့သြစရာပဲ။ ကျွန်တော့်ဆီကတစ်နေ့အကြွေးမတောင်းရရင်စားမဝင်ဘူးထင်ပါရဲ့ဗျာ။
ပြီးတော့လည်းလက်လျှော့ပြီးပြန်သွားရတာပါပဲ။ဘယ်တုန်းကသူတို့လိုချင်တဲ့ပိုက်ဆံပြန်ရဖူးလို့လဲ..?ကျွန်တော့်တော်ကီတွေအောက်မှာနစ်မြောသွားတာကြီးပဲလေ။