Compromise of Love 2

626 68 2
                                    

ငယ်ငယ်ကတည်းကမိဘစကားကိုလွန်ဆန်လို့မရတာကြောင့်စီစဉ်ပေးသောကျောင်းတွင်သာမျက်စိစုံမှိတ်ပြောင်းလာရတယ်။

သူများမိဘတွေလိုအလိုမလိုက်ပဲစည်းကမ်းတင်းကြပ်လွန်းလို့အိမ်မှာနေရတဲ့အချိန်တွေဆိုအရမ်းစိတ်ညစ်ရတယ်။

ဒါပေမယ့်ကျွန်တော့်ကိုမင်းသားတစ်ပါးလိုထားပြီးလိုလေသေးမရှိဖြည့်ဆည်းပေးတာလေးတွေကြောင့်ကိုယ့်ကိုကိုယ်ကံကောင်းတယ်လို့ထင်မှတ်ဖူးတယ်။

အခုလည်း appa တို့စီစဉ်ပေးတဲ့အတိုင်းဒီကျောင်းကိုမပြောင်းချင်ပဲပြောင်းလာခဲ့ရတယ်။

အရင်ကျောင်းကသူငယ်ချင်းတွေကတားပေမယ့်မိဘစကားမလွန်ဆန်ရဲတဲ့ကျွန်တော့်အတွက်တော့သူတို့ကိုနှုတ်ဆက်ခဲ့ရုံကလွဲလို့မတတ်နိုင်ခဲ့။

လူဖြစ်စဉ်ကတည်းကသွားလေရာကိုယ်ရံတော်ထည့်ပေးတတ်တဲ့ eomma ရဲ့အကျင့်ကတော့အခုချိန်မှာကွယ်ပျောက်သွားပြီထင်ပါတယ်။

အထက်တန်းကျောင်းသားအရွယ်ရောက်ပြီဆိုတော့စိတ်ချနိုင်လိုက်တာလည်းဖြစ်နိုင်တယ်။

အရင်ကျောင်းမှာဆိုကျောင်းသွား၊ကျောင်းပြန်အပြင်ကျူရှင်သွား၊အပြင်သွားတာကအစအနောက်ကအမြဲကိုယ်ရံတော်တွေလိုက်တတ်လို့သမ္မတသားဆိုပြီးတော့တောင်သူငယ်ချင်းတွေစတာခံရသေးတယ်။

အခုတော့ကျောင်းအပ်တာတွေကအစမနေ့ကတည်းကစီစဉ်ပြီးလို့ဒီနေ့မှာကျွန်တော့်ကို driver ကလိုက်ပို့ပြီးပြန်သွားလေရဲ့။

ဘယ်သွားသွားအနောက်ကအမြဲထိန်းကျောင်းပေးသူပါတတ်လို့တချို့တွေဆိုကျွန်တော့်ကိုနုံတယ်၊အ တယ်လို့လည်းအပြောခံခဲ့ရဖူးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ယုံကြည်ချက်အပြည့်နဲ့ကျောင်းအသစ်မှာအရင်ကျောင်းကလိုစာကြိုးစားပြီးအဆင့်ကောင်းအောင်လည်းလုပ်ရမယ်လို့ပဲခေါင်းထဲထည့်ထားတယ်။

ကျောင်းထဲမှာကြောင်တောင်တောင်နဲ့အခန်းလိုက်ရှာနေချိန်ကျွန်တော့်ထက်ကြီးမယ်ထင်ရတဲ့အကိုတစ်ယောက်ကိုတွေ့လို့မေးလိုက်မိတယ်။

Compromise of Love Donde viven las historias. Descúbrelo ahora