ပထမဆုံးကျောင်းစတက်တဲ့ရက်မှာတင်အဖြစ်ပျက်ဆိုးကြီးနဲ့ကြုံလိုက်ရတာကြောင့်တော်တော်လန့်သွားပုံရတဲ့သူ့ကိုတောင်းပန်စိတ်များနဲ့ကျွန်တော်ခိုးကြည့်နေမိတယ်။
အောက်ထပ်မှအပေါ်ကိုခေါ်လာတဲ့လမ်းတစ်လျှောက်လုံးရော၊လှေကားပေါ်မှာရောတစ်ဖွဖွတောင်းပန်ခဲ့ပေမယ့်သူလက်မခံခဲ့ဘူး။
အတန်းထဲရောက်တော့ဆရာမကသူ့ကိုအတန်းသူ၊အတန်းသားတွေအားလုံးနဲ့ရင်းနှီးအောင်မိတ်ဆက်ပေးတယ်။
"Annyeong ကျွန်တော့်နာမည် Kim Jungwoo ပါဗျ"
တုန်ယင်နေတဲ့အသံလေးနဲ့တစ်တန်းလုံးရှေ့မှာအတတ်နိုင်ဆုံးပြုံးပြီးသူနှုတ်ဆက်ခဲ့တယ်။
ဘယ်လောက်များကြောက်နေခဲ့မလဲ...? ကျွန်တော်အရမ်းမှားသွားခဲ့တယ်။
အားနာစိတ်တွေစိုးမိုးနေပေမယ့်လည်းသူ့ဘက်ကခွင့်လွှတ်မှုကိုရနိုင်ဖို့ကျွန်တော်ကြိုးစားရပေဦးမယ်။
"Jungwoo သားနေရာက Lucas အရှေ့မှာ"
သူမျက်စိမျက်နှာတွေပျက်သွားတယ်။ ဆရာမထိုင်ခိုင်းတဲ့နေရာကကျွန်တော့်အရှေ့မှာဖြစ်နေလို့စိတ်ညစ်နေတဲ့မျက်နှာထားမှန်း မှန်းစရာမလိုပဲတောင်တပ်အပ်သိနိုင်တယ်။
"ဟုတ်"
ဆရာမပေးတဲ့နေရာသာမထိုင်မဖြစ်ထိုင်ရမှာကြောင့်စိတ်မပါပဲဆရာမစကားလိုက်နာကာကျွန်တော့်အရှေ့ကိုဆူပုတ်ပုတ်လေးနဲ့ရောက်လာတယ်။
ထို့နောက်ပျင်းရိစရာကောင်းသောစာသင်ချိန်များ..........📚😴
အားလုံးတောင့်တနေတဲ့ Break time ကိုရောက်ရှိလာခဲ့ချိန်မှာတော့....
"Jungwoo.."
"ဘာလဲ.."
"မင်းကလည်းကွာ...ငါကစမိတာပါ...မနက်ကလည်းပြောပြီးပြီလေကွာ.. ငါကအဲ့အခန်းမှာတစ်ယောက်မှမရှိဘူးထင်ပြီးလမ်းညွှန်လိုက်တာ.."
"တော်ပြီ..ဘာမှလာမပြောနဲ့တော့.."
အတန်းထဲတွင်သူနဲ့ကျွန်တော်နှစ်ယောက်တည်းရှိချိန်သူ့နောက်မှာထိုင်နေသောကျွန်တော်ကသူ့ရဲ့ဖြူဖွေးနေတဲ့ကုတ်ပိုးလေးကိုငေးကာတစ်ဖွဖွနဲ့ချော့နေမိတယ်။