{Zawgyi}
'မီးတစ်စရဲ့ လောင်စာ'
မှောင်ပိန်းနေတဲ့တံခါးချပ်ရဲ့နောက်ကွယ်...
အသုံးမပြုတော့တာကြာပြီဖြစ်တဲ့
အရာဝတ္ထုတွေက အမြင်မတင့်စွာ
ဖုန်မှုန့်တွေကပ်လို့...
အသုံးမဝင်တာကြာလာတော့
ဟောင်းနွမ်းပျက်စီးလာတဲ့သဘောတရားပေါ့...
လာကဓံတရား ဆန့်ကျင်၍မှမရပဲလေ...ကျွီကနဲမြည်သော တံခါးဖွင့်သံနဲ့အတူ...
ဖြေးညင်းစွာလျှောက်လှမ်းလာတဲ့
ခြေလှမ်းဖွဖွတို့က အားမာန်မရှိ...
နှေးကွေးလေးလံသောခြေလှမ်းတွေက
ရှေ့ဆက်နိုင်သောအင်အားတို့
မရှိတော့သယောင်...လက်ထဲကဆွဲလာသော suitcase ဘီးရဲ့
ခပ်တိုးတိုးပွတ်တိုက်ဆွဲခြစ်သံက
ပို၍ပင်တိတ်ဆိတ်သောပတ်ဝန်းကျင်အတွက်
အကျည်းတန်စွာဖြည့်စွက်နေခဲ့သည်...
ခြေလှမ်းတို့က အိမ်လယ်လောက်ရောက်လာ၍
ရပ်တန့်လိုက်တော့...ခြေဖဝါးတို့တွင်တော့
ဖုန်မှုန့်တွေကပ်နေလောက်တော့မည်...
အိမ်ပတ်ပတ်လည်ကိုလှည့်ကြည့်ပြီး
စို့တက်လာသောနာကျင်မှုတွေနဲ့အတူ
ဝေ့ဝဲလာသောမျက်ရည်တွေ...••...သမီး...••
••...ဟင်...••
ပျော့ပျောင်းစွာ ခေါ်လိုက်သံကို
လှည့်ကြည့်မိသောအခါ
အကြိမ်ကြိမ်ပြိုလဲနေသော
ကောင်းကင်တစ်ဖက်
ကြည်လင်လာသလိုခံစားလိုက်ရသည်...နာကျင်သောစိတ်တို့သည်
အတိုင်းမသိခုန်လှုပ်သွားကာ
ရုတ်တရက်ပေါ့ပါးသွားသောခြေလှမ်းတို့ဖြင့်
အလင်းရောင်ခပ်သဲ့သဲ့လေးသာ
ဝင်နေသော တံခါးအဝမှာ ရပ်နေသော
သူမဆီသို့ အားကိုးတကြီးမျှော်လင့်ကြီးစွာ
အပြေးလှမ်းမိတော့သည်...••...Omma...••
••...Omma သမီးလေး...••
အားကိုးတကြီးလိုအပ်နေသော
မိခင်ရင်ခွင်ထဲအရောက်မှာ ကြုံဆုံခဲ့ရသမျှ
နာကျည်းစရာအဖြစ်အပျက်တို့ရဲ့
နာကျင်မှုတွေကို မျက်ရည်အဖြစ်
ထွက်ပေါက်ရှာမိခဲ့လေပြီ...••...Omma...ဟင့်...••
••...မငိုပါနဲ့ကလေးရယ်...
ဘာတွေပဲဖြစ်ခဲ့ပါစေ
ဒါတွေဟာOmma ရဲ့
အလိုကျ ဇာတ်ကခဲ့ရတဲ့ သမီးလေးရဲ့
ပေးဆပ်မှုတွေပါ...အဲ့ဒီ့အရာအတွက်
အပြစ်ရှိတဲ့သူဆိုရင် အဲ့ဒီ့လူဟာ
Omma ပါပဲ သမီးလေးရယ်...
Omma ကိုခွင့်လွှတ်ပါကွယ်...••
YOU ARE READING
TOXIC INK
Fanfictionလက်စားချေရန်တစ်ခုသာ ဦးနှောက်ထဲ နေရာအပြည့်ယူခဲ့ပြီး နာကျင်နေသည် လိုအပ်နေသည် ကိုတောင် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့သည်အထိ ရက်စက်တတ်တဲ့ နှလုံးသားက ကိုယ်နာကျင်စေမိသည့်ကလေးကိုမှ ချစ်သွားသည့်အခါ ပြန်လည်ပေးဆပ်ရန်မဖြစ်နိုင်သလို ရှေ့တိုးဖို့လဲမဖြစ်တော့...