{Zawgyi}
••...Hyung...••
••...ပြောစမ်း အဲ့ကောင်ကဘာလဲ...
ဘာလို့ ငါ့ကိုရိုင်းရိုင်းစိုင်းစိုင်း
လာပြောနေရတာလဲ...••••...ကျွန်တော့်သူငယ်ချင်းပါ...
Se Sehun...••သူငယ်ချင်းဆိုတဲ့စကားလဲကြားပြီးရော...
အသံကျယ်ကြီးနဲ့ မဲ့ကာအော်လိုက်သော
hyung အသံက...လုံနေသော
အခန်းထဲတွင် ကျယ်လောင်စွာ...••...ဟားဟာ့ သူငယ်ချင်းဟုတ်လား...
မင်းသူငယ်ချင်းကိုမင်းက
ဒီအရာတွေအားလုံးကို
ပြောပြထားတာပေါ့လေ...ပြောစမ်း...••••...အ !! hyung...••
ကုတင်ဘေးထောင့်မှာ ကွေးကွေးလေး
ကုတ်နေရတဲ့ ကျွန်တော့်ရဲ့အနားကို
ဒေါသတကြီးလျှောက်လာပြီး...
ကျွန်တော့်ရဲ့နောက်စေ့ဘက်က
ဆံပင်ကိုအားနဲ့ဆုပ်ဆွဲလိုက်၍...
ခေါင်းပါလန်သွားကာ တအားနာသွားမိသည်...
သို့သော် hyung ကတော့...
ကျွန်တော့် နာကျင်မှုကို
လစ်လျှူရှုမြဲပင်မဟုတ်လား...••...hyung နာ နာတယ်...••
••...နာလေ နာလိုက်စမ်းပါ...
မင်းကို သတ်ပါသတ်ပစ်ချင်နေတာ...••••...ကျောင်းကလူတွေ အကုန်သိတယ် Hyung...ဟင့်...ကျွန်တော်မပြောပဲ အားလုံးသိနေပြီး...
ကျွန်တော့်ကို ဟင့်...••••...မဖြစ်နိုင်ဘူး..ဒီလိုအိမ်တွင်းရေးအထိ ...Baekhyun မင်းမာယာမများနဲ့...
မင်းမပြောပဲ ဒီလောက်သိနိုင်စရာမရှိဘူး...••ခေါင်းကိုဆွဲလှန်ကာ ဆံပင်ကိုတင်းနေအောင်
ဆုပ်ဆွဲခံထားရ၍...မော့နေသောမျက်နှာထက်မှ
တလိမ့်လိမ့်စီးကျနေသော မျက်ရည်စတွေကို
ဘာကြောင့်ကြည့်မိနေမှန်းမသိ...
လက်ထဲက သူကတော့ မျက်လုံးတွေကိုမှိတ်ကာ
တရှုံ့ရှုံ့ဖြင့်ငိုရှိုက်လာပြီး...••...hyung လုပ်တာမဟုတ်လား...
ကျွန်တော် ကျောင်းမှာ နှိပ်စက်ခံရအောင်
hyung လုပ်တာမဟုတ်လား...
hyung ကျွန်တော့်ကို ဟင့်...
ကျွန်တော့်ကို သိပ်မုန်းတယ်မဟုတ်လား...••
YOU ARE READING
TOXIC INK
Fanfictionလက်စားချေရန်တစ်ခုသာ ဦးနှောက်ထဲ နေရာအပြည့်ယူခဲ့ပြီး နာကျင်နေသည် လိုအပ်နေသည် ကိုတောင် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့သည်အထိ ရက်စက်တတ်တဲ့ နှလုံးသားက ကိုယ်နာကျင်စေမိသည့်ကလေးကိုမှ ချစ်သွားသည့်အခါ ပြန်လည်ပေးဆပ်ရန်မဖြစ်နိုင်သလို ရှေ့တိုးဖို့လဲမဖြစ်တော့...