{Zawgyi}
ချောင်ကျလွန်းမက ကျတဲ့အမှောင်ထောင့်လေး
တစ်ခုကို အမှီပြုပြီး ဒူးနှစ်ချောင်းကိုလက်ဖြင့်
ယှက်ကာ...မျက်နှာပင်မပေါ်အောင် ငုံ့လျှိုးလို့...အေးစက်နေတဲ့သံတိုင်ကို အားမရစွာဆုပ်ကိုင်ရင်း
ခပ်တိုးတိုးခေါ်မိတော့...••...Baek...••
••...ဟင်...••
မော့ကြည့်လာသည်...မခြောက်သေးသော
မျက်ရည်စတွေရယ်...liner တွေစွန်းပေနေသော
မျက်ဝန်းတွေသည် ကိုယ့်အတွက်တော့
လှောင်ရယ်စရာမကောင်းခဲ့...အားငယ်နေသော
မျက်ဝန်းတွေရဲ့အဓိပ္ပါယ်ကို
မလှပစွာတည်ရှိနေလဲ ကိုယ်သိနိုင်တာမို့...••...Kai...••
ကိုယ့်နာမည်ကို အားကိုးတကြီးခေါ်လာသော်လည်း အားအင်မရှိသော အသံတို့က ခပ်တိုးတိုးသာ...
••...ကိုယ်လာခေါ်တာ...မင်းကို
ကိုယ်လာခေါ်တာ...
မြန်မြန်လေးဖွင့်ပေးပါနော်...••ဘေးကပါလာသော ရဲတစ်ယောက်
သော့ဖွင့်ပေးလိုက်သည်နှင့် ထိုအချူပ်ခန်း
ကျဉ်းထဲသို့ သွက်သွက်လက်လက်
ဝင်သွားလိုက်ပြီး ထိုနေရာမှာ
မလှုပ်မယှက်လေးဖြစ်နေသော
ချစ်ရသူအား ဖေးမ၍ထစေတော့
ယိုင်နဲ့နဲ့ခန္ဓာကိုယ်ကြောင့်
ပွေ့ချီသွားလိုက်ချင်သည်...••...Kai...••
••...အိမ်ပြန်မယ်နော်...လာ...••
••...omm...••
ရဲစခန်းထဲမှ ထွက်လာခဲ့သည့်လမ်းတစ်လျှောက်
ခေါင်းကိုသာငုံ့ထားခဲ့သည်...
ခေါင်းမဖော်ရဲလောက်အောင် ကျွန်တော်
ဘာတွေကျူးလွန်မိလို့များလဲ...
ကျွန်တော့်အတ္တတွေက...
ဒီလောက်ထိ အမှားတွေလား...••...Baek...ကားထဲဝင်...••
••...omm...••
ကားထဲထည့်ကာ ယာဉ်မောင်းခုံ၌ထိုင်ပြီး
မောင်းရန်ပြင်လိုက်သော်လည်း
အကြောက်မပြေသေးဟန်တူသောချစ်ရသူအား
ခါးပါတ်ကြိုးဆွဲ၍ ပတ်ပေးလိုက်ရင်း...
Tissue box ထဲမှ Tissue စထုတ်ပြီး
liner အပေအကျံလေးတွေကို
အနည်းငယ်သေသပ်သွားအောင်
ပြင်ပေးလိုက်သည်...နောက်...
ခဲရောင်လွင်လွင်သို့ ပြောင်းထားတဲ့
ဆံနွယ်တိုတိုလေးတွေအား သပ်ရပ်အောင်
ဟိုသပ်ဒီသပ်ဖြင့်လုပ်ပေးမိပြန်သည်...
YOU ARE READING
TOXIC INK
Fanfictionလက်စားချေရန်တစ်ခုသာ ဦးနှောက်ထဲ နေရာအပြည့်ယူခဲ့ပြီး နာကျင်နေသည် လိုအပ်နေသည် ကိုတောင် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့သည်အထိ ရက်စက်တတ်တဲ့ နှလုံးသားက ကိုယ်နာကျင်စေမိသည့်ကလေးကိုမှ ချစ်သွားသည့်အခါ ပြန်လည်ပေးဆပ်ရန်မဖြစ်နိုင်သလို ရှေ့တိုးဖို့လဲမဖြစ်တော့...