Episode.32

5K 390 2
                                    

{Zawgyi}

တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်သည်...
ခပ်မျဉ်းမျဉ်းသော အသက်ရှုသံတို့အား...
ကျယ်လောင်စွာ ထွက်ပေါ်နေစေသည်...

ခေတ္တမျှ တံခါးပေါက်ဝဘက်ကို
စိုးရိမ်ကြောင့်ကြစွာ ငေးနေသောမျက်နှာလေး...
ပြန်လှည့်လာကာ...ကိုယ့်လက်ပေါ်က
ဒဏ်ရာကိုအာရုံပြန်စိုက်ပြီး...လူကိုတွန်း၍
ထိုင်စေကာ လောလောလတ်လတ်အပူလောင်လို့ အရည်ကြည်ဖုတွေတောင်ထချင်လာတဲ့
ဒဏ်ရာကိုသာ မျက်တောင်မခတ်......
သွေးထွက်နေသော လက်ဝါးစောင်းကိုလဲ
ဂွမ်းစဖြင့်သွေးတွေကိုသုတ်ကာ...
အပူသက်သာစေရန် ဆေးရည်ဖြင့်
ဆေးပေးနေရင်းမှ...ခေါင်းငုံ့လျှက်ပင်...

••...လက်ဝါးစောင်းက Hun
တွန်းလိုက်လို့ဖြစ်တာမဟုတ်ဘူး...••

ပြီးခဲ့တဲ့ညတွေက အရက်သောက်ငိုယိုပြီး...
ထိုလက်ကို ခုံစောင်းနဲ့ဘယ်နှစ်ချက်မှန်းမသိအောင် ထုရိုက်ခဲ့မိပြီး...အခန်းထဲကပစ္စည်းတွေကို
ကိုင်ပေါက်ဖျက်ဆီးရင်း ထိခိုက်ခဲ့မိသည်ကို
ပြန်မြင်ယောင်လာမိသည်မှာ
ရှက်စရာကောင်းစွာ အရူးကြီးတစ်ယောက်လို...

••...omm သိတယ်...••

••...ဘာလို့ ပတ်တီးမစည်းပဲ
ဒီတိုင်းဖြစ်သလိုထားတာလဲ...••

••...အာရုံမရှိဘူး...••

••...မနာဘူးလား...••

••...နာတယ်...အရမ်း ! ...အများကြီး !...••

ဆေးထည့်ပေးနေရင်းဖြင့် အသာ
မော့ကြည့်မိတော့...ထိုစကားကို
မျက်လုံးမှိတ်၍ ပြောနေခဲ့သည်ပဲ...ဘာလို့များလဲ...
တကယ်ပဲ...အရမ်း အများကြီး
နာနေလို့များလား.........

••...ဘာလို့ ဒီလောက်နာတာကို
ကြိတ်ခံနေတာလဲ...••

••...ဘယ်လိုဆေးမျိုးနဲ့သင့်တော်တယ်
ဆိုတာကို သေချာမသိလို့...••

••...လက်ထိခိုက်မိတာလေးကိုပဲ
ဆေးတွေပေါပါတယ်...••

••...သုံးနေကြဆေးကမရှိတော့ဘူး...••

••...Hkk...စည်းကမ်းမရှိပဲ နေရာတကာ
လျှောက်ထားမှတော့ ပျောက်ပြီပေါ့...••

TOXIC INKNơi câu chuyện tồn tại. Hãy khám phá bây giờ