Episode.9

5.8K 462 8
                                    

{Zawgyi}

ခြေကုန်အောင်ပြေးလိုက်နေသော်လည်း
hyung သည် ကျွန်တော်နှင့်ဝေးရာသို့
တရွေ့ရွေ့ဖြင့် ပြေးနေသည်...

5 မိနစ်ခန့် ကျွန်တော်ပြေးရုံရှိသေး...
ကျွန်တော် အတော်လေးမောဟိုက်နေသည်ကိုလဲ ကိုယ့်ခွန်အားကိုကိုယ် မကျေမနပ်ဖြစ်မိသည်...

အခုလက်ရှိအတွေးထဲမှာ မညှာမတာ
ရက်စက်စွာပြေးခိုင်းရက်သည်လို့ မစဉ်းစားမိ...Hyung ကားနောက်ကိုဘာလို့ မှီအောင်
ပြေးမလိုက်နိုင်သလဲဟုသာ စိတ်တိုမိသည်...
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် Hyung ကိုပဲ
စိတ်ချမ်းသာစေချင်မိသည်...

ပြေးနေရင်းဖြင့် အလိုမကျစွာ
ခြေထောက်တို့သည် ညွှတ်ကျ၍
ကြမ်းတမ်းသော ကတ္တရာလမ်းပြင်နဲ့
ကျွန်တော့်ဒူးခေါင်းတို့သည်
မိတ်ဆက်သွားရပြန်သည်...

••...ဒုတ်...••

••...အားးး...သေပါပြီကွာ...••

လမ်းမပေါ်မှာ အရူးလိုမျိုး ကားနောက်
ပြေးလိုက်ရင်းဖြင့် လဲကျသွားသော
ကျွန်တော့်ကိုကြည့်လာတဲ့ လူတွေသည်
သနားလို့မဖြစ်နိုင်...
တွေးနေလောက်မည်...ရူးနေသည်လို့...

Arr...ထိုင်နေလို့ မဖြစ်သေးပါဘူး...
Hyung ကားနောက်ကို မမှီရင်
အိမ်ပြန်တဲ့လမ်းကိုမှ မမှတ်မိတာ...
မတ်တပ်ပြန်ရပ်ပြီး ပြေးရန်ပြင်လိုက်စဉ်...
တဖြေးဖြေးနှေးသွားသော hyung ရဲ့
ကားကိုကြည့်ပြီး အတိုင်းမသိဝမ်းသာသွားမိသည်...ကျွန်တော်လဲကျသွားလို့ Hyung ကားရပ်မလို့
မဟုတ်လား...hyung ကားအနားသို့
ထော့နဲ့နဲ့ဖြင့် ပြေးသွားမိသည်...
hyung ကစောင့်ရတာကို အမုန်းဆုံးလေ...

ကားနောက်ကြည့်မှန်ကနေတစ်ဆင့်
ပြန်ပြန်ကြည့်နေမိသော မျက်လုံးကိုလဲ
နားမလည်မိ...သတိထားနေရင်းကြားထဲမှ
သတိပေးနေရင်းကြားထဲမှ သူ့ရဲ့
မမှေးမပြူးသောမျက်ဝန်းတစ်စုံကို
သနားနေမိတဲ့ ကိုယ့်စိတ်ကို ကိုယ်စိတ်တိုမိသည်...
မင်းဘာကြောင့် အပြစ်ကင်းချင်ယောင်
ဆောင်နေရတာလဲ Baekhyun...ဘာလို့ ငါ့ကို
ခဏခဏရှုပ်ထွေးအောင်လုပ်နေတာလဲ...

••...ဟင်...••

ဟင်ကနဲ အာမေဍိတ်သုံးလိုက်မိသည့်
ကိုယ့်ပါးစပ်ကိုယ် နားမလည်သည်လို့လဲ
မသုံးမိတော့ပါ...မှန်ထဲကတစ်ဆင့်မြင်နေရတဲ့
လမ်းမပေါ်လဲကျသွားတာကို
ထိတ်လန့်သွားတာလား...
ဟင်ကနဲ ထွက်မိလိုက်တာတင်မကပဲ
ခြေထောက်ကပါ ဘရိတ်ကိုနင်းလိုက်မိသည်လေ...တုံ့ကနဲ ရပ်သွားသောကားကြောင့်
အားကိုးတကြီးလှမ်းကြည့်လာသော
ပုံရိပ်ကိုမြင်လိုက်သည်က
ပို၍ပို၍ စိတ်ရှုပ်ထွေးစေသည်...

TOXIC INKWhere stories live. Discover now