{Zawgyi}
••...Hyun လေး...••
••...အင် ဟင် ဟင်ဘာလဲ Hun...••
••...ဘာတွေဖြစ်လာလို့လဲ ပြောဦး...••
••...ဟင်း...ဘာမှမဖြစ်ပါဘူး...••
ကျောင်းထဲဝင်လာကတည်းက ကုပ်ကိုင်းကိုင်းနဲ့
မှိုင်တွေနေတဲ့ ကလေးလေးလို မင်းလေး...
Sehun ပြောသလို အိမ်မှာဘာပြသာနာတွေနဲ့များ
ကြုံခဲ့ရသလဲ...အခုထိ ဝင်ပြောခွင့်မရှိသေးတာမို့
လက်ပိုက်၍သာ မမှိတ်မသုန် မျက်နှာမလွှဲပဲ
ထိုင်အကဲခတ်နေလိုက်သည်...ဘေးနားက Sehun ကတော့မနာလိုချင်စရာ
ကာင်းစွာ လက်တွေကိုဆွဲကိုင်...ငုံ့ထားသော
မျက်နှာသွယ်သွယ်လေးကို အတင်းဆွဲမော့ကာ
မေးဖျားကိုခပ်ဖွဖွဖျစ်ညှစ်ကိုင်ပြီး
အတင်းမေးခွန်းတွေမေးနေလေရဲ့...••...Hyun လေး...ငါသိနေတယ်နော်
မင်းတစ်ခုခုဖြစ်နေတယ်...ပြော......••••...ဘာမှမဟုတ်ပါဘူးဆိုမှ...••
Sehun ရဲ့လက်ကိုအသာဖယ်ထုတ်ပြီး
အတန်းထဲကထ ထွက်သွားဖို့လုပ်ရင်း
အတန်းထဲဝင်လာတဲ့ ကျောင်းသားနဲ့
ပုခုံးချင်းတိုက်မိတော့...••...အ...••
••...Morra ??...မင်း လူ
တစ်ယောက်လုံးတောင်မမြင်ဘူးလား...••••...တောင်းပန်ပါတယ်...••
••...လုပ်ပေါ့...မင်းက နောက်ခံ
ကောင်းကောင်းရထားတော့...
ဘာကိုမှ မမြင်နိုင်ဖြစ်နေပြီပေါ့...••••...ဘာရယ် ??...••
••...ဒါပေမဲ့ ဘယ်လိုလုပ်မလဲ...
နေမင်းအရှိန်အဝါနဲ့တောက်ပတဲ့
လမင်းဆိုတာက အမြဲ
အရှိန်အဝါမရှိနိုင်ဘူးလေ...••••...မင်း......••
••...တော်သင့်ပြီ...Taemin...
မင်းကိုသူဘာပြောနေလို့
ဒီလောက်ပြောချင်နေတာလဲ...••ထိုင်ခုံမှာထိုင်နေရာမှ ထလာပြီးအေးဆေးစွာ
ပြောလာသော Kai ကြောင့်
အတန်းထဲမှသူတွေရဲ့စိတ်ဝင်စားမှုက
ပိုကဲလာပြီး ပို၍ပင်တိတ်ဆိတ်
ငြိမ်သက်သွားကြသည်...
Taemin ကတော့ Kai မျက်နှာကို
ပေါက်ထွက်မတတ် စိုက်ကြည့်ကာ...
ESTÁS LEYENDO
TOXIC INK
Fanficလက်စားချေရန်တစ်ခုသာ ဦးနှောက်ထဲ နေရာအပြည့်ယူခဲ့ပြီး နာကျင်နေသည် လိုအပ်နေသည် ကိုတောင် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့သည်အထိ ရက်စက်တတ်တဲ့ နှလုံးသားက ကိုယ်နာကျင်စေမိသည့်ကလေးကိုမှ ချစ်သွားသည့်အခါ ပြန်လည်ပေးဆပ်ရန်မဖြစ်နိုင်သလို ရှေ့တိုးဖို့လဲမဖြစ်တော့...