{Zawgyi}
အလုပ်ကိုမြန်မြန်လက်စသတ်ကာ
coffee ဆိုင်တစ်ခုသို့ထွက်လာလိုက်သည်...Xiumin နဲ့လဲ မတွေ့ရတာ
အရမ်းကြာနေပြီမဟုတ်လား...
ဆိုင်ထဲဝင်တော့ ရှင်းလင်းနေတဲ့
အသွင်အပြင်နဲ့ တိတ်ဆိတ်နေသော
ဝန်းကျင်ကြောင့်...သဘောကျသွားမိသည်...အရင်အတိုင်းပဲ သူသည် တိတ်ဆိတ်သော
ဝန်းကျင်တွင် နေထိုင်ဆဲပင်ဖြစ်လိမ့်မည်...
နောက်ကျောပေး၍ ထိုင်နေသော
နောက်ခိုင်းပုံစံလေးကိုမြင်လိုက်ရုံဖြင့် မှတ်မိသည်...ကိုယ့်ရဲ့ MinSeok လေး...သေးသွယ်သောကိုယ်လုံးလေးက
Baekhyun နဲ့မထူးမခြားနား...
Baekhyun ထက်တော့အနည်းငယ်
ပြည့်ဖောင်းသောခန္ဓာကိုယ်အား
ဘေးတစ်စောင်း ပါးဖောင်းဖောင်းတွေက
သက်သေ...ယခုထိတိုင်လဲ အရပ်က
ဆက်ထွက်လာပုံမပေါ်...ခရမ်းရောင်တောက်နေသော
ဆံပင်စတိုင်လ်လေးက ကိုယ့်ထက်ပင်
နုနယ်နေလောက်မည်...ရပ်ကြည့်နေသော
ကိုယ့်ဆီက အနံ့တစ်ခုကိုရလာသည်ထင်...
လှည့်ကြည့်လာပြီး...သူ့ရဲ့အထင်ရှားဆုံး
အမူအရာလေးဖြစ်တဲ့ သွားဖုံးလေးတွေ
ပေါ်သည်အထိ ရယ်ပြလာကာ
အမြဲနီရဲနေတတ်သောလက်ဖဝါးသေးသေးဖြင့်
လက်ပြနှုတ်ဆက်လာသည်...••...Chanyeol ဒီမှာ...••
သူတစ်ကာထက်ထူးခြားသောမျက်လုံးပုံစံလေး
သည်လည်း အခုတိုင်ရွှန်းလဲ့နေသေးသည်...
ပညာတော်သင်ကြောင့်ကွဲသွားတုန်းကထက်
ပို၍ပင် ကြည့်ကောင်းလာကာ
အမူအရာလေးတွေကတော့
ဘာတစ်ခုမှမပြောင်းလဲသေးဘူးထင်...မျက်နှာချင်းဆိုင်ခုံမှာမထိုင်ပဲ ဘေးခုံတွင်
အတူဝင်ထိုင်လိုက်ပြီး သူ မကြိုက်တတ်သော
ဆံနွယ်ဖွခြင်းကို လုပ်လိုက်မိသည့်
တစ်ခဏတွင် အမှန်တကယ်
ထိုကလေးကိုမေ့သွားခဲ့မိသည်...••...ဟာ လူကိုမြင်တာနဲ့ဒါပဲလုပ်တော့တာပဲ
နားကားစုတ် မပြောင်းလဲသေးဘူး...••••...hkk hkk...မင်းရော ပြောင်းလဲလို့လား...••
••...ကိုယ်တွေက ပိုပြီးနုလာတာကလွဲရင်
မပြောင်းလဲပါဘူး...••
YOU ARE READING
TOXIC INK
Fanfictionလက်စားချေရန်တစ်ခုသာ ဦးနှောက်ထဲ နေရာအပြည့်ယူခဲ့ပြီး နာကျင်နေသည် လိုအပ်နေသည် ကိုတောင် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့သည်အထိ ရက်စက်တတ်တဲ့ နှလုံးသားက ကိုယ်နာကျင်စေမိသည့်ကလေးကိုမှ ချစ်သွားသည့်အခါ ပြန်လည်ပေးဆပ်ရန်မဖြစ်နိုင်သလို ရှေ့တိုးဖို့လဲမဖြစ်တော့...