Episode.30

5.3K 388 7
                                    

{Zawgyi}

••...ဟင်းးးးးးးး ...••

••...miyanae Sehun...ငါ Baek ကို
သေချာမကာကွယ်နိုင်လို့ ဒီလို
အခြေအနေတွေအထိဖြစ်လာရတာပါ...••

ခုထိသတိမလည်လာသေးတဲ့
Baekhyun ကိုသာ ငေးကြည့်ပြီး
အကြိမ်ကြိမ်သက်ပြင်းချနေတဲ့ Sehun အား
တိုးလျှစွာတောင်းပန်လိုက်မိသည်...
နှုတ်ခမ်းတွေက ဖြူစုတ်ဖျော့လို့
သွေးရောင်ပင်ပျောက်နေပြီ...
မှိတ်ထားသောမျက်လုံးညိုတွေသည်လည်း
ယခုထိမဖွင့်လာသေး...သတိလစ်နေသည်မှာ
သုံးနာရီခန့်ပင်ရှိတော့မည်...
နုဖတ်နေတဲ့ လက်ဖျံကြောလေးမှာလဲ
အပ်တန်းလန်းဖြင့်...
ကျေးဇူးပြုပြီး နိုးထလာပါတော့
အချစ်ရယ်...ကိုယ်စိတ်ပူလှပြီ...

••...Sehun...သူ့အိမ်ကို
အကြောင်းကြားသင့်တယ်မဟုတ်ဘူးလား...••

••...hkk...အိမ်?? ဘာအိမ်လဲ ?...••

ဟက်ကနဲရယ်ပြီး မေးခွန်းထုတ်နေသော
Sehun မျက်နှာသည်တည်ငြိမ်အေးစက်
နေသလောက် Baek ကိုကြည့်နေသော
မျက်ဝန်းတွေကတော့ လွန်စွာ
နာကျင်နေသည်မှာ မလွဲ...

••...Hyun လေးအတွက် အဲ့ဒါ
အိမ်မဟုတ်ဘူး Kai...ထောင်...ငရဲ...
သူ့ခန္ဓာကိုယ်အခုလိုဖြစ်အောင်...
သူ့စိတ်တွေအခုလိုဖြစ်အောင်
ဖျက်ဆီးခြေမွတာအဲ့ဒီ့အိမ်ပဲ...
Hyun လေးကအဲ့ဒီ့လိုကလေး
မဟုတ်ခဲ့ဘူး Kai...သူက အရမ်းတက်ကြွပြီး
စိတ်ဆင်းရဲမှုဆိုတာ ဘာမှန်းမသိတဲ့
ကလေးဖြစ်ခဲ့တာ...သက်တူရွယ်တူချင်းတောင်
ငါကသူ့ကိုကလေးလေးလို
စောင့်ရှောက်ချင်တဲ့အထိ ကလေး
တစ်ယောက်လိုဖြူ စင်ပြီးပျော်ရွှင်ခဲ့ရတာ...
သူကြီးပြင်းခဲ့တဲ့အိမ်က သူ့ကိုပြန်ပြီး
စိတ်ဝေဒနာခံစားရအောင်
ဖြစ်ခဲ့လိမ့်မယ်လို့တော့မထင်ထားခဲ့ဘူး...••

••...ငါ ဘာဆက်လုပ်သင့်လဲ Sehun...••

••...ငါအဲ့ဒီ့အိမ်ကိုဘယ်လိုနည်းနဲ့မှ
မပို့နိုင်တော့ဘူး Kai...မင်းလက်ထဲကို
ထည့်ပေးခဲ့တယ်ဆိုတာက မင်းရဲ့
နောက်ခံအင်အားနဲ့ Park Chanyeol ကို
ရင်ဆိုင်နိုင်လို့ အပ်ခဲ့တာ...ဒါပေမဲ့
မင်းက Hyunလေးရဲ့ပျော်ရွှင်မှုကိုပဲ
ဦးစားပေးခဲ့တယ်...ဒါပေမဲ့ နောက်ဆုံး
ဘာဖြစ်လာသလဲ...Hyun လေး
ပျော်ရွှင်ရတာမဟုတ်ပဲနဲ့ စိတ်ဝေဒနာ ဆိုတဲ့...
ကြက်သီးထလောက်အောင်စိတ်ပျက်စရာ
ကောင်းတဲ့ဝေဒနာကို ခံစားနေရပြီ...
မင်းရဲ့ချစ်ခြင်းက နောက်ဆုံး Hyun လေးကို
ပျော်ရွှင်စေခဲ့လား...ပြောလေ Kai...••

TOXIC INKWhere stories live. Discover now