{Zawgyi}
Hyung အိမ်ကိုပြန်ရောက်တည်းက
ဘာစကားမှမပြောတော့တာ
ဘာများဖြစ်နေလို့ပါလိမ့်...ခုနက ဖုန်းပြောပြီးကတည်းက ဒီလိုဖြစ်သွားတာ...ဘယ်ကဖုန်းမို့လို့ ဒီလိုဖြစ်နေမှန်းမသိ...
မေးရအောင်လဲ ဒီလောက်သတ္တိတွေ
hyung ကပေးမထား...••...ဘာလုပ်နေတာလဲ...••
••...လာပါပြီ hyung...••
အခန်းထဲကိုအမြန်သွားကာ ကျောင်းလွယ်အိတ်ကိုထားကာ အင်္ကျီပင်မလဲနိုင်ပဲ hyung
အခန်းဘက်ကူးခဲ့သည်...
hyung စိတ်မကြည်ဘူးလေ...
အခန်းတံခါးခေါက်လိုက်ပြီး တုန့်ပြန်သံမကြား၍ တံခါးဖွင့်ဝင်ခဲ့လိုက်ပြီး ရှာကြည့်တော့...
ဝရန်တာကိုထွက်ကာ
အပြင်ကိုငေးနေသော Hyung...ဘေးချင်းယှဉ်ရပ်သည်မဟုတ်ပဲ
အနောက်ဖက်အနည်းငယ်ကျသော
နေရာလောက်တွင် ရပ်လိုက်ပြီး hyung
စိတ်သက်သာစေရန်စကားတစ်ခွန်းပြောမိသည်...••...hyung ဒီကနေကြည့်ရင်
နှင်းဆီခင်းကိုမြင်ရတယ်မဟုတ်လား...••ထုံးစံအတိုင်း သူ့ကိုစကားသွားပြောတာနဲ့
ရောက်လာတတ်တဲ့ အကြည့်စူးစူး
မျက်ခုံးတွန့်ချိုးက ဒိုင်းကနဲ...••...ဒီနှင်းဆီခင်းက hyung ရဲ့
စိတ်ကိုမပြေလျော့စေဘူးလားဟင်...••••...ငါက အခုဘာဖြစ်နေလို့လဲ...••
••...Hyung ပင်ပန်းနေတယ်ထင်လို့ပါ...
ကျွန်တော်ဆို စိတ်ညစ်စရာတွေရှိလာရင်
ပန်းခင်းကိုငေးနေရုံနဲ့ အားလုံးပျောက်သွားရော...••••...ငါ့စိတ်တွေအမြဲတမ်း ရှုပ်ထွေးနေရတာ
မင်းကြောင့်လေ...အဲ့ဒါကို မင်းစိုက်ထားတဲ့
ပန်းခင်းကိုကြည့်ပြီး ပျောက်မယ်လို့ထင်လို့လား...••••...ဟင် ??...ကျွန်တော့်ကြောင့် ဘာလို့
hyung ကအမြဲတမ်းစိတ်ဆင်းရဲနေရတာလဲဟင်...ကျွန်တော် ဘာလုပ်မိလို့လဲဟင်...••••...မင်းမသိဘူးလား...မင်းရဲ့တည်ရှိမှု...
မင်းရဲ့ဝင်သက်ထွက်သက်ကအစ
ငါ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေရုံမကပဲ
မင်းဘေးကလူတွေကြောင့်လဲ
ငါစိတ်ရှုပ်ရတယ် Baekhyun...••
VOCÊ ESTÁ LENDO
TOXIC INK
Fanficလက်စားချေရန်တစ်ခုသာ ဦးနှောက်ထဲ နေရာအပြည့်ယူခဲ့ပြီး နာကျင်နေသည် လိုအပ်နေသည် ကိုတောင် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့သည်အထိ ရက်စက်တတ်တဲ့ နှလုံးသားက ကိုယ်နာကျင်စေမိသည့်ကလေးကိုမှ ချစ်သွားသည့်အခါ ပြန်လည်ပေးဆပ်ရန်မဖြစ်နိုင်သလို ရှေ့တိုးဖို့လဲမဖြစ်တော့...