Episode.39

5.4K 373 9
                                    

{Zawgyi}

••...Xiumin Xiumin!! နေပါဦးကွာ...••

နောက်ကနေ တဖုတ်ဖုတ်နဲ့ပြေးလိုက်ကာ
လက်ကိုဆွဲရင်းပြောတော့ လှည့်ကြည့်မလာပဲ
ခေါင်းကိုအသာယမ်း၍...

••...ငါ့ဘာသာပြန်နှင့်ပါ့မယ်...••

••...ငါလိုက်ပို့မယ် မင်းကားလဲမပါလာတာကို...••

••.........••

••...Xiumin...••

••...omm...••

••...ငါ့ကို နည်းနည်းနားလည်အောင်ရှင်းပြပေး...••

••...ဘာကိုလဲ...••

••...Chanyeol အကြောင်း...
ငါသိထားရင် အနည်းဆုံးတော့ JongIn ကို
ပြန်ပြောပေးနိုင်မယ်လေ...••

••...ငါ ဒီအကြောင်းကိုဘယ်သူ့ကိုမှမပြောခဲ့ဖူးဘူး Jongdae...ငါအရမ်းကြောက်လို့...ငါ့ရဲ့
စကားတစ်ခွန်းကြောင့် Chanyeol သူ့ကို
လူတွေကဝိုင်းဝန်းလက်ညှိုးထိုးခံရမှာကို
အကြောက်ဆုံးပဲ...••

••...ဒါပေမဲ့ အခုအချိန်က ပြောမှရတော့မဲ့
အချိန်မဟုတ်သေးဘူးလား...••

••...ငါ့ပါးစပ်နဲ့ သေချာBaekhyunee ကို
ရှင်းပြချင်တယ်...ငါပဲသိနားလည်ခဲ့တဲ့
အကြောင်းအရာကို အသေးစိတ်နားလည်ပြီး
အမုန်းတရားတွေပြေသွားအောင်
လုပ်ပေးချင်တယ်...ဒါပေမဲ့ Baekhyunee က
ငါ့ကိုမသိတော့ဘူးမို့ ငါ့ကိုလဲအတွေ့မခံဘူး...Jongdae ah !!...မင်းတကယ်ငါ့ကို
ကူညီပေးမယ်ဆိုရင်လေ...Baekhyunee ကို
ငါနဲ့တွေ့လို့ရအောင်စီစဉ်ပေးပါ...ငါမင်းကို
အလုံးစုံမဟုတ်ရင်တောင်
အကျဉ်းချူံးပြောပြပါ့မယ်...••

••...arrasor! JongIn ကိုပြောကြည့်ပါ့မယ်...••

••...တကယ်တော့ ..................••

....................................

အခန်းတံခါးကိုဖွင့်ပြီး ညင်သာစွာဝင်လာသော်လည်း နားပါးသော သူက လှည့်ကြည့်လာပါသည်......

••...ဘာလို့ ထိုင်နေတာလဲ...
သက်သောင့်သက်သာလှဲနေမှပေါ့...
အခု နေလို့ကောင်းရဲ့လား...••

TOXIC INKOnde histórias criam vida. Descubra agora