{Zawgyi}
••...အင်းးးး အဲ......••
ပျင်းကြောဆန့်ကာ နိုးလာသော ကလေးကို
အင်္ကျီလက်ကြယ်သီးတပ်ရင်း ကြည့်နေမိသည်...လည်ပင်းက နာသွားသလားမသိ...
ရှုံ့မဲ့သွားကာ စောင်ထဲမှလက်ကလေးထွက်လာပြီး လည်ပင်းလေးကိုစမ်းရင်း ညကအဖြစ်အပျက်ကို
မှတ်မိသွားပုံရသည်...
မျက်ဝန်းလေးတွေ ဝိုင်းလာကာ သူရောက်နေသောအခန်းကိုလှည့်ပတ်ကြည့်ပြီး ကုတင်ခြေရင်းမှာ
မတ်တပ်ရပ်နေတဲ့ ကိုယ့်ကိုလဲတွေ့ရော
အိပ်ရာထဲကနေ ဆတ်ကနဲထထိုင်လေတော့၏...••...အ !!!! Omma...••
••...ထတော့ ကျောင်းတက်ရမယ်...••
••...ကျွန်တော် hyung အခန်းထဲမှာ
တစ်ညလုံးအိပ်နေခဲ့တာလားဟင်...••••...ဒါဆို ဘေးခန်းမှာကိုယ့်ဘာသာအိပ်နေတဲ့
မင်းကို ငါကတကူးတက
ချီခေါ်လာတယ်ထင်လို့လား...••••...အဲ့ဒီ့လိုမဟုတ်ပါဘူး...••
••...ပြီးတော့ မင်းကိုဒီမှာအိပ်ခိုင်းခဲ့တာမဟုတ်ဘူး
မေ့နေလို့ဆေးသွင်းပြီး
တစ်ညလုံးအိပ်ပျော်သွားခဲ့တာ...••••...မေ့သွားတာလား ကျွန်တော်က ???...••
Morra??...ဒီကလေး မမှတ်မိဘူးလို့
ပြောနေတာလား အခု...••...မမှတ်မိတာလား...••
••...ကျွန်တော်ညက ဘာဖြစ် ...
ဟင်...Hyung hyung က...••ထိုတော့မှ သိသွားပုံဖြင့် လည်ပင်းလေးကိုစမ်းကာ
ပြောင်းလဲသွားသောမျက်ဝန်းတို့သည်
အကြောက်တရားဘက်သို့...••...နောက်ကို မင်းအဖေက မင်းကို
သိပ်ချစ်တဲ့အကြောင်း မဟနဲ့....ညကထက်
ဆိုးတဲ့ဘယ်လိုအပြုအမူတွေနဲ့
လုပ်မိမလဲဆိုတာကို မသိဘူး...••••...mi myanae hyung...
ကျွန်တော်မှားသွားပါတယ်
နောက်မပြောတော့ပါဘူးနော်...••သူ့ကိုဘာလို့လည်ပင်းညစ်ရက်ရသလဲ
ဆိုတာထက်....ကိုယ့်ကိုစိတ်မဆိုးအောင်သာ
လက်နှစ်ဖက်ကိုပွတ်၍ တောင်းပန်နေသော
ကလေးအား ခဏလောက်စိုက်ကြည့်နေမိသည့်
အာရုံက ဘာအတွက်မှန်းမသိ...
YOU ARE READING
TOXIC INK
Fanfictionလက်စားချေရန်တစ်ခုသာ ဦးနှောက်ထဲ နေရာအပြည့်ယူခဲ့ပြီး နာကျင်နေသည် လိုအပ်နေသည် ကိုတောင် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့သည်အထိ ရက်စက်တတ်တဲ့ နှလုံးသားက ကိုယ်နာကျင်စေမိသည့်ကလေးကိုမှ ချစ်သွားသည့်အခါ ပြန်လည်ပေးဆပ်ရန်မဖြစ်နိုင်သလို ရှေ့တိုးဖို့လဲမဖြစ်တော့...