....မနက်စောစောစီးစီး နားပူနားဆာ လုပ်တယ် လို့ပဲ ပြောပြော....
"ချစ်သူ့အမိန့်တော်အတိုင်း " ဆိုတဲ့ fic လေးက wall ထဲမှာ viewers အရမ်းနည်းနေပါတယ်....1တဲ့လေ......တကယ်လို့
အသည်းလေး တွေ မကြိုက်ရင် အောက်မှာ လာမန့်လို့ရပါတယ်....ဖြိုးဆက်မရေးတော့ပါဘူး.....တစ်ချို့သော လေးစားရတဲ့ အာသာတွေ ပြောသလိုပါပဲ....စာဖက်သူလေးတွေရဲ့ vote တွေ commenတွေက စာရေးသူတွေအတွက် အားဆေး ဆိုတာ....
နိုင်ငံရေး နဲ့ အချစ်ရေးကို ယှဉ်ပြီး ရေးထားတဲ့ ပုံစံဖြစ်နေလို့ သိပ်မကြိုက်ကြဘူးထင်ပါတယ်
....အမှန်တိုင်း ပြောရရင် WP ထဲကို ရောက်တာ ၁နှစ်လောက်ပဲ ရှိပါသေးတယ်.. ..ဖြိုးအတွက် WP ကပဲ အကောင်းဆုံး အားပေးဖော်ဖြစ်ခဲ့တာပါ....အာသာတစ်ချို့ရေးတဲ့ fic တွေက လက်တွေ့ဘဝမှာ အများကြီး တွေ့နေရတဲ့ အကြောင်းအရင်းတွေပါ ...မမမွန်တို့
Exo 12wolfs 88 နောက်ပြီး Arsheng ဆိုတာ ဖြိုးလေးစားရတဲ့ အာသာကြီးတွေပါ ..နောက်ထပ်လေးစားရတဲ့ အာသာတွေလည်း ရှိပါတယ်....သူတို့တွေ ရေးတဲ့ စာကိုဖတ်ပြီး
...fic ရေးချင်စိတ် ပေါ်လာတာနဲ့ စိတ်ကူးတွေကို အကောင်အထည်မြန်မြန်ဖော်ခဲ့ တာပါတကယ်ဆို ၁နှစ်ဆိုတဲ့ အချိန်အတိုင်းတာ တစ်ခုမှာ စာစရေးတယ်ဆိုတာ မလွယ်လှပါဘူး
....အမျိုးမျိုးသော အတွေးတွေနဲ့ ငါ့စာကို ဖတ်မယ့်သူရှိပါ့မလား...ငါပဲ စာရေးဖို့ အဆင့်မမှီသေးတာလား...ဒါမှမဟုတ် ကိုယ့်ကြောင့် အပြင်မှာ ရှိနေတဲ့ အရမ်းချစ်တဲ့ EXo member တွေကို အထင်သေးသွားမလားဆိုတဲ့ အတွေးတွေ အများကြီး ဝင်ခဲ့ပါတယ်...နောက်တော့ အကြမ်းရေးထားတဲ့ စာအုပ်လေးတွေကို သူငယ်ချင်းတွေဆီ ချပြလိုက်တော့ ..တစ်ချို့က
ကြိုက်ကြပါတယ် တစ်ချို့ကဘာပြောလဲဆိုတော.့...နင်တို့EXo တွေက ယောက်ကျားလေးအချင်းချင်းကြိုက်တာလားတဲ့လေ...မကြားတကြား..စော်ကားခံရတာတွေလည်းရှိပါတယ် အဲဒီ့နေ့က ဆိုရင် အိမ်ပြန်ရောက်တဲ့ အချိန်ထိ စိတ်ထဲမှာ မကောင်းဘူး....ငါ့ကြောင့် သူတို့လေးတွေ အထင်အမြင်အသေးခံရပါလားဆိုပြီးတော့..ငိုတောင်ငိုချလိုက်ပါတယ် အရမ်းကို စိတ်မကောင်းဖြစ်လွန်းလို့.....ပြောတဲ့ သူငယ်ချင်းကိုလည်း အခုချိန်ထိ လုံးဝ စကားမပြောတော့ပါဘူး..စိတ်အရမ်းဆိုးခဲ့တာ....အဲဒါကြောင့်မို့ EXO ကို မကောင်းမြင်နေတဲ့ သူတွေကို ဒီနေရာ ကနေ တစ်ခုပြောလိုက်ချင်ပါတယ် အထူးသဖြင့် anti fan တွေကို ပါ..E X O ဆိုတဲ့ စကားလုံးက အပျင်းပြေ သက်သက် စာရွက် ပေါ်မှာ ချရေးလို့ပေါ်လာတဲ့ စကားလုံးတစ်ခု မဟုတ်ပါဘူး...၁၂ယောက်သော members တွေရဲ့ သွေး ချွေး မျက်ရည်တွေ နဲ့ အရင်းခံပြီးမှ public တွေကြားထဲကို ရောက်လာတဲ့
စကားစုပါ....နောက်ပြီး အရည်အချင်းရှိတဲ့ members တွေနဲ့ အတူတူလက်တွဲပီး ခြောက်နှစ် ဆိုတဲ့ အတိုင်းအတာ အထိ ရောက်လာခဲ့တာပါ....အဲလိုအဖွဲ့ကို အရည်အချင်းမရှိဘူးလို့ ပြောတဲ့သူတွေ မျက်စိတွေပါရင်ကြည့်ပြီး ရှက်တက်ပါစေ....
YOU ARE READING
Loser In. Love(chanbaek)☺ ☺ Complete
Fanfictionမိခင်ဖြစ်သူကြောင့်လောကကြီးကိုအရွဲ့တိုက်နေတဲ့ခပ်ဆိုးဆိုးကောင်လေး Byun baek hyun အေးစက်စက်နိုင်တဲ့အပြုံးတစ်ခုကိုပိုင်ဆိုင်ပြီး ချောမောလွန်းတဲ့မျက်နှာတစ်ခုကိုလက်ဆောင်အဖြစ်ပေးထားခြင်းခံရတဲ့ကောင်လေး Park chan yeol ကံတရား က...