တိတ်ဆိတ်နေသော အခန်းထဲဝယ်..သက်ပြင်းချသံတစ်ခုကသာ..ကြီးစိုးနေတော့တယ်....
Baekhyunတစ်ယောက် လက်ထဲမှာ ရှ်ိနေတဲ့
မွေ့ ယာစကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း...မျက်စိရှေ့မှာ ရပ်နေတဲ့ ....Drကို အရောင်ဖျော့တော့နေသော မျက်ဝန်းတွေ နဲ့ လှမ်းကြည့်လိုက်သည်။"ကျ~~ကျနော်....yeolကိုပါ မေ့သွားမှာလား?..Dr....
သူနဲ့ပတ်သက်တဲ့အရာအားလုံးကိုပါ မေ့သွားမှာပေါ့...."
တိမ်ဝင်နေတဲ့ လေသံခပ်တိုးတိုးနဲ့ မေးလာတဲ့ ကောင်လေးရဲ့ စကားကို suhoစိတ်မကောင်းစွာနဲ့ ပြန်ဖြေလိုက်ပြီး
"အင်...မခွဲစိတ်ခဲ့ဘူးဆိုရင်ပေါ့.....baekhyun..ဖြစ်နိုင်ရင်...အကို မင်းကို ဆေးကုသခွင့်ခံယူစေချင်ပြီ...
အခု ပုံမှာမြင်နေရတဲ့အတိုင်းပဲ..မင်းရဲ့ ဦးနှောက်အနောက်ဘက်ခြမ်းမှာ...သွေးခဲတွေ ဆို့လာတာ ပိုများလာပြီ..
သွေးကြောမကို သွားပိတ်နေတဲ့အတွက်...ချက်ချင်းမခွဲ စိတ်ရင်...ဒီထပ်ပိုဆိုးလာနိုင်တယ်...."
Suho hyungရဲ့ စကားအပြီးမှာ baekhyunမျက်လုံးတွေကို မှိတ်ချလိုက်မိတယ်
Yeolကို မေ့သွားမယ်တဲ့လား...သူဘယ်လောက်ကြာကြာ သတိရနိုင်မှာလဲ ၁၀ရက်...ဒါမှမဟုတ်၁လ...
အဲဒီ့အစား သေသွားတာကမှ ပိုကောင်းဦးမယ်
သူ၃ရက်လောက်သတိမေ့သွားတဲ့အချိန်မှာတောင် ယိုယွင်းနေတဲ့ ကလေးရဲ့ပုံစံ..တကယ်လို့ သူသာ နှစ်တွေအကြာကြီးသတိမေ့နေခဲ့ရင်....yeolလေး ဘယ်လိုမှ
ခံနိုင်ရည်ရှိမှာမဟုတ်ဘူး....
သူ့အခြေအနေကို သူရိပ်မိခဲ့ပေမယ့်.ဒီလောက်ထိဆိုးဆိုးဝါးဝါးကြီး ဖြစ်သွားမယ်ဆိုတာ..သူတကယ်မသိခဲ့ရိုးအမှန်ပါပဲ...
"Hyung ~~~~ခွဲစိတ်လိုက်ရင်ရော...ကျနော့်ရောဂါက
အရှင်းပျောက်သွားမှာလား...."
YOU ARE READING
Loser In. Love(chanbaek)☺ ☺ Complete
Fanfictionမိခင်ဖြစ်သူကြောင့်လောကကြီးကိုအရွဲ့တိုက်နေတဲ့ခပ်ဆိုးဆိုးကောင်လေး Byun baek hyun အေးစက်စက်နိုင်တဲ့အပြုံးတစ်ခုကိုပိုင်ဆိုင်ပြီး ချောမောလွန်းတဲ့မျက်နှာတစ်ခုကိုလက်ဆောင်အဖြစ်ပေးထားခြင်းခံရတဲ့ကောင်လေး Park chan yeol ကံတရား က...