loser in love(51),..Z&Uni

847 73 36
                                    

Unicode.....

ကျွီ......

အရှိုန်နဲ့ ခြံရှေ့မှာ ထိုးရပ်လာတဲ့ ကားတစ်စီးကြောင့်...

အိမ်ထိန်းလီ....ခြံအပေါက်ဝရှိရာကို ခပ်သွက်သွက်လျှောက်လာရင်း...စူးစမ်းကြည့်မိတော့...

Mr leeတို့ သားအဖ.....

"အိမ်တော်ထိန်းကြီး......မတွေ့ရတာ အတော်ကြာပြီနော်.....ဒါနဲ့..အထဲမှာ ဥက္ကဋ္ဌကြီး ရှိတယ်မလား

......."

"ဟုတ်ကဲ့ အထဲမှာ စောင့်နေပါတယ်......ဝင်သွားလိုက်ကြပါ..."

"ကောင်းပါပြီ ဗျာ...ဒါဆို သွားတွေ ့လိုက်ပါဦးမယ်...."

အိမ်ထိန်းလီလည်း ခြံတံခါးကို အသာပိတ်လိုက်ပြီး အိမ်တော်ရဲ့အနောက်ဘက်ကို ထွက်လာလိုက်တယ်

၁ပတ်လောက်နေရင် အိမ်တော်မှာ စေ့စပ်ပွဲ လုပ်တော့မှာမို့လို့ အခုကတည်းက ပြင်ဆင်မှ တော်ခါကျတော့မည်မဟုတ်လားသို့ပေမယ့် သခင်လေးက သဘောတူပါ့မလားဆိုတာ...

စိတ်ပူစရာ ပါပဲ...သခင်လေးရဲ့ ဆန္ဒသာမရှိရင် သခင်ကြီးက အတင်းအကျပ်လုပ်မှာတော့ မဟုတ်လောက်ဘူး....

မိန်းခလေး Yoon ကလည်း အစစအရာရာ မှာ ပြည့်စုံနေသည်မို့ လူကုံထံအသိုင်းအဝိုင်းက အမျိုးကောင်းသားတွေ အကုန်လုံးလိုချင်နေကြတဲ့ ပန်လေးတစ်ပွင့်ဆိုရင်လည်း မမှားပေ....

သူ့အနေနဲ့ Byunအိမ်တော်ကြီး မှာ အမှု့ထမ်းခဲ့တာ နှစ်ပေါင်းအတော်ပင် ကြာခဲ့ပါပြီ...

သခင်ကြီးရဲ့ ဖခင် သက်ရှိထင်ရှားရှိစဥ်ကတည်းက သူက အတူရှိခဲ့တာမို့...မိသားစုဝင်တစ်ယောက်လိုတောင် ဖြစ်နေပါပြီ....

အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ရေး ကံမကောင်းခဲ့တဲ့ သခင်ကြီးနဲ့ ..မေတ္တာ ငတ်မွတ်ခဲ့တဲ့ သခင်လေးတို့ ဘဝကို သူတကယ်ပဲ အေးချမ်းစေချင်ပါပြီ....

အခု စေ့စပ်ပွဲ ကိစ္စသာ အောင်အောင်မြင်မြင်နဲ့ အထမြောက်သွားခဲ့ပါက သခင်ကြီးရဲ့ မျိုးဆက်အတွက် ပူပန်စရာမလိုတော့ဘူး....

အထဲမှာတော့ နှစ်ဦးနှစ်ဖက် အပြန်အလှန် သားရေးသမီးရေး ဆွေးနွေးနေကြတဲ့ အိမ်တော်နှစ်ခု....

Loser In. Love(chanbaek)☺ ☺ CompleteWhere stories live. Discover now