ဖြူစင်တဲ့ ကလေးငယ်လေးတစ်ချို့ရဲ့ ရယ်သံတွေနဲ့ အသက်ဝင်နေသော....
မိဘမဲ့ဂေဟာလေး......ကံဆိုးစွာနဲ့ ဒီနေရာကို ရောက်လာခဲ့ကြပေမယ့်....အရာအားလုံးက မေတ္တာရိပ်အောက်မှာ
တည်ငြိမ်အေးချမ်းစွာနဲ့ ရှိနေခဲ့ကြပါတယ်...
"ခလေး....မုန့်လေးယူနော်....ဒီမှာ... အရုပ်လေး"
"ကျေးဇူးတင်ပါတယ် ဦးဦး.. .."
ခလေးတွေကို မုန့်တွေကိုယ်တိုင်ဝေပေးကာ...အပျော်ကြီးပျော်နေသော hyungရဲ့ မျက်နှာလေးကို chan yeolအကြာကြီးငေးနေမိတယ်...
နေရောင်အောက်မှာ သိပ်ကိုတောက်ပလွန်းနေတဲ့ သူ့ရဲ့နတ်သားလေးရယ်ပါ...
ကျန်တဲ့သူတွေကလည်း...လှူဒါန်းမယ့် ပစ္စည်းတွေကို ကိုယ်စီသယ်ပြီး...ဂေဟာလေးထဲမှာ ပြင်ဆင်ပေးနေကြတော့တယ်....
Hyungနဲ့သူနဲ့ကတော့..ခလေးတွေအတွက် မုန့်နဲ့ ဆော့စရာပစ္စည်းလေးတွေ ဝေပေးဖို့ အပြင်မှာကျန်ခဲ့တာပါ..
အခုလည်း ဝေစရာက သိပ်မကျန်တော့ဘူးလေ...
"ဦးဦး အသစ်ကသားသားတို့ဆီကို လာလည်တာလားဟင်?.."
မုန့်ဝေနေတုန်း...
အရပ်ပုပုလေးနဲ့ ခပ်ဝဝကလေးလေးက ချစ်စရာပုံစံလေးနဲ့မေးလာတော့ baekhyunဒူးထောက်ပြီး ထိုင်ချလိုက်တော့တယ် ...
"အင်း~~hyungက ဒီမှာချစ်ဖို့ကောင်းတဲ့ခလေးလေးတွေ
နေတယ်ဆိုလို့...လာကြည့်တာ....အာရီးဂူး.. တကယ့်ကို
ချစ်ဖို့ကောင်းတာပဲ....ဒီမှာ...သားသားအတွက် အရုပ်လေး"
"Nae~~~ကျေးဇူးတင်ပါတယ်ခင်ဗျ...."
သူပေးလိုက်တဲ့အရုပ်လေးကို သဘောကျစွာနဲ့ ယူကာ ဂေဟာထဲကို ခုန်ပေါက်ပြေးလွှား ပြီး ဝင်သွားတဲ့ ခလေးလေး
Baekhyun ထိုဖြူစင်လွန်းတဲ့ ခလေးငယ်လေးတွေကို
ကြည့်ပြီး သဘောကျနေမိတယ်..
YOU ARE READING
Loser In. Love(chanbaek)☺ ☺ Complete
Fanfictionမိခင်ဖြစ်သူကြောင့်လောကကြီးကိုအရွဲ့တိုက်နေတဲ့ခပ်ဆိုးဆိုးကောင်လေး Byun baek hyun အေးစက်စက်နိုင်တဲ့အပြုံးတစ်ခုကိုပိုင်ဆိုင်ပြီး ချောမောလွန်းတဲ့မျက်နှာတစ်ခုကိုလက်ဆောင်အဖြစ်ပေးထားခြင်းခံရတဲ့ကောင်လေး Park chan yeol ကံတရား က...