မျှော်လင့်ချက်ဆိုတဲ့ ရောင်ခြည်တန်းတစ်ခုက
ကိုယ့်ရဲ့ ကမ္ဘာ မှာ ကြာကြာမတောက်ပနိုင်တော့ပေမယ့်ရူးမိုက်စွာနဲ့ ကိုယ်ဆက်ပြီး ဖမ်းဆုပ်ထားမိတယ် ခလေးငယ်
ခလေးကိုယ့်ရဲ့ ကမ္ဘာ ထဲကနေ ထွက်မသွားခင်အချိန်ထိပေါ့
✂ ✂ ✂ ✂ ✂ ✂♡ ♡ ♡ ✂ ✂ ✂ ✂
Krisတစ်ယောက် မျက်စိရှေ့မှာ မြင်နေရတဲ့ ဓတ်ပုံတစ်ချို့ကြောင့်....
လက်သီးကို ခပ်တင်းတင်း ဆုပ်ထားလိုက်မိတယ်
အခုတလော ညီ့ရဲ့ ခြေလှမ်းတွေ အမူအယာပျက်နေလို့..သူစုံစမ်းကြည့်ခိုင်းလိုက်တော့...
Chan yeolဆိုတဲ့ ကောင်လေးနဲ့ အရမ်းရင်းနှီးနေတဲ့
Hyunnie.. ....သူငယ်ငယ်လေးကတည်းက အရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့ရတဲ့ လူသားလေးရဲ့ အမူအရာ ကို krisကောင်းကောင်းဖတ်တတ်ပါတယ်.....
အထူးသဖြင့်.. .တစ်စုံတစ်ခု ကို တန်ဖိုးထားရင် ကြည့်တတ်တဲ့ ကလေးရဲ့ မျက်ဝန်းလေးတွေကိုပေါ့.....
အခု မြင်နေရတဲ့ ဓတ်ပုံတွေထဲမှာ ဟိုကောင်လေးကို ကြည့်နေတဲ့ ညီ့ရဲ့ မျက်ဝန်းတစ်ချို့က ထိုအဓိပ္ပါယ်ကို ဖော်ပြနေတယ်...
တန်ဖိုးထားတဲ့ အရာတစ်ခုကို မျက်စိအောက်မှာ အပျောက်မခံ ချင်တဲ့ ခံစားချက်....သူအမြဲတမ်း ညီနဲ့ပတ်သက်လာရင်
ခံစားနေရသလိုမျိုးပေါ့...တကယ်ပဲ ကိုကို့ ရင်ခွင်ထဲက နေ ထွက်သွားဖို့ ပြင်နေပြီလား
ငယ်လေး..ရယ်~~~ဆို့တက်လာသော ခံစားချက်နဲ့အတူ ဘယ်ဘက်မျက်ဝန်းထဲကနေ စီးကျလာတဲ့ မျက်ရည်ပူ တစ်ချို့...အောင့်တက်လာတဲ့ ရင်ဘတ်ကြောင့် kris ကြမ်းပြင်ပေါ်ကို အားအင်မဲ့စွာနဲ့ ထိုင်ချလိုက်တော့တယ်
ဟူး~~~တကယ်တမ်း လွှတ်ပေးရမယ်ဆိုတော့ ကိုကို ခံနိုင်ရည် မရှိဘူး....Baekhyunee ah....
YOU ARE READING
Loser In. Love(chanbaek)☺ ☺ Complete
Fanficမိခင်ဖြစ်သူကြောင့်လောကကြီးကိုအရွဲ့တိုက်နေတဲ့ခပ်ဆိုးဆိုးကောင်လေး Byun baek hyun အေးစက်စက်နိုင်တဲ့အပြုံးတစ်ခုကိုပိုင်ဆိုင်ပြီး ချောမောလွန်းတဲ့မျက်နှာတစ်ခုကိုလက်ဆောင်အဖြစ်ပေးထားခြင်းခံရတဲ့ကောင်လေး Park chan yeol ကံတရား က...