ရာသီစက်ဝန်းတွေက အလီလီပြောင်းရင်း
ရက် လ နှစ် တို့ တိုက်စားမှု့အပြီးမှာအချိန်တွေ တဖြည်းဖြည်း ကုန်လွန်ခဲ့ပြန်တယ်
နွေဦး ကုန်လို့ ဆောင်းတွင်းကာလကို
တစ်ခါပြန်ရောက်လာပြန်တော့
.အစောပိုင်းကာလက အရည်ပျော်နေသော ဟန်မြစ်ရဲ့
ရေပြင်ဟာ တစ်ဖန်ပြန်လည် အေးခဲလာပြန်တယ်.......
၁နှစ်ဆိုသော အချိန်ကာလတစ်ခု....
Chan yeolတစ်ယောက် ကုမ္ပဏီရဲ့ ရုံးခန်းထဲကနေ အပြင်ဘက်ရှိရာကို လှမ်းကြည့်နေမိသည်။
အဖြူရောင်နှင်းပွင့်တွေက လေထုထဲမှာ အနှံ့အပြား နေရာယူထားဆဲ
ပတ်ဝန်းကျင်က နေရာအတော်အများမှာတော့ နှင်းပွင့်တစ်ချို့က လွှမ်းခြုံထားပြန်တယ်.....
ဖွေးဖွေးဖြူနေတဲ့ နှင်းထုတွေကြားထဲမှာ
ပြေးလွှားဆော့ကစားနေကြတဲ့ ခလေးငယ်လေးတွေက....
သိပ်ကို အပူအပင်ကင်းကင်းနဲ့....
အရာအားလုံးကသူ့အတွက်တော့ မနေ့တစ်နေ့ကလိုပါပဲ...
အရင်က ခဲရောင်ဆံသားတွေကလည်း အခုချိန်မှာတော့ အညိုရင့်ရောင်သို့ ကူးပြောင်းသွားခဲ့တယ်....
အနက်ရောင်နေကာမျက်မှန်အစား ကြည်လင်တဲ့ စာကြည့်မျက်မှန်တစ်လက်က နေရာယူလာခဲ့ပြီ
အရယ်အပြုံးမရှိ တည်ကြည်သော အသွင်
နဲ့...သူက ယခုအချိန်မှာတော့ လူတကာလေးစားရတဲ့ business man တစ်ယောက် ဖြစ်ခဲ့ပါပြီသို့ပေမယ့် သူ့နှလုံးသားကိုတော့ ထိုလူသားဆီမှာပဲ ထာဝရမြှပ်နှံ့ထားလိုက်ပါတယ်....
ယခုအချိန်ထိပေါ့.........
ဒေါက်!..ဒေါက်!...
အပြင်ကနေ မတိုးမကျယ်ခေါက်လာတဲ့ တံခါးခေါက်သံကြောင့်....chan yeol စားပွဲခုံရှေ့က ဆိုဖာမှာဝင်ထိုင်လိုက်တယ်....
"Nae....ဝင်ခဲ့ပါ.... "
သူ အသံပေးလိုက်တော့ အခန်းထဲကို ဝင်လာတဲ့ လူနှစ်ယောက်ကြောင့်....အံ့သြမှင်သက်စွာနဲ့
ကြည့်လိုက်ပြီး
YOU ARE READING
Loser In. Love(chanbaek)☺ ☺ Complete
Fanfictionမိခင်ဖြစ်သူကြောင့်လောကကြီးကိုအရွဲ့တိုက်နေတဲ့ခပ်ဆိုးဆိုးကောင်လေး Byun baek hyun အေးစက်စက်နိုင်တဲ့အပြုံးတစ်ခုကိုပိုင်ဆိုင်ပြီး ချောမောလွန်းတဲ့မျက်နှာတစ်ခုကိုလက်ဆောင်အဖြစ်ပေးထားခြင်းခံရတဲ့ကောင်လေး Park chan yeol ကံတရား က...