Loser in love(58)

1K 105 17
                                    

နွေဦးရဲ့ အစပျိုးခြင်းမှာ ရွက်ကြွေတစ်ချို့က
မြေပြင်ပေါ်မှာ ဝပ်ဆင်းနေရသည့်အခြေအနေ.....

ဖက်ဖူးစိမ်းလေးထဲက ရွက်နုလေးတစ်ချို့က
ရွက်ဟောင်တွေနေရာမှာ အစားဝင်လာပြန်တယ်........

ဆောင်းရာသီရဲ့ လက်ကျန်မြူနှင်းအချို့ကတော့.......လေထုထဲမှာ ရစ်သိုင်းလို့.....

မှုန်ပျပျနေရောင်အောက်မှာ လှုပ်ရှားသက်ဝင်နေကြတဲ့ နွေဦးရဲ့ မနက်ခင်းကာလက....သူ့အတွက် တော့ ခြောက်ကပ်ကပ်နိုင်လွန်းလှတယ်

Chan yeolတစ်ယောက် ဆေးရုံရဲ့ အခန်းပြတင်းပေါက်ကနေ အပြင်ပတ်ဝန်းကျင်ကို

လှမ်းကြည့်နေမိတယ်......၅ထပ်အမြင့်မို့လို့

အခန်းထဲကနေ အပြင်ကအရာမှန်သမျှကို ရှင်းရှင်းလင်းလင်းမြင်နေရ၏.....

ဆေးရုံမျက်နှာစာရှေ့မှာတော့  ....သတင်းယူဖို့အသီးသီးစောင့်နေကြတဲ့ မီဒီယာသမားတွေ

Channelတစ်ချို့မှ ကားတွေကလည်း ဘေးတစ်ဖက်တစ်ချပ်စီမှာ အသင့်စောင့်ဆိုင်းနေကြတော့သည်။

ဒီနေ့က ၄ရက်မြောက်သောနေ့....သူ့အတွက်
အချိန်က၃ရက်ပင်ကျန်တော့သည်။

၂၄နာရီ လုံးလုံးမျက်စိအောက်က အပျောက်မခံပဲ သူချစ်ရတဲ့ ကောင်လေးကို မျက်ခြေမပြတ်စောင့်ကြည့်ခဲ့သည်။

ချစ်ရသူလေးက လှုပ်ရှားခြင်းတစ်ိုတစိတောင်မရှိပဲ. ယခုချိန်ထိပင် အိမ်မောကျရဲ့ကောင်းနေဆဲ......

လိုက်ကာစကြားထဲကနေ တိုးထွက်လာတဲ့ အလင်းရောင်တန်းလေးက ချစ်ရသူလေး ရဲ့မျက်နှာပေါ်ကို ဖြာကျနေပြန်တယ်....

"ကျစ်!...ဒီနေရောင်ကလည်း....အလိုက်မသိဘူး........ hyun အိပ်နေတာကို...

.နိုးတော့မှာပဲ"

စိတ်နှောက်နေတဲ့လူလို စကားတွေ တတွတ်တွတ်ပြောကာ.....လိုက်ကာကို ဆွဲကာလိုက်တဲ့ chan yeol.....

ဝေ့တက်လာတဲ့မျက်ရည်တွေကို ခပ်ဟဟရယ်ကာ ထိန်းလိုက်ပြီး..ချစ်ရသူလေးရဲ့ ဘေးမှာ ဝင်ထိုင်လိုက်တယ်....

ဖျော့တော့နေတဲ့ မျက်နှာလေးက အိပ်မောကိနေသည့်ခလေးငယ်လေးအတိုင်းပင်..

Loser In. Love(chanbaek)☺ ☺ CompleteWhere stories live. Discover now