loser in love (52)

949 76 6
                                    


Unicode.....

"ဟင်းးးးး.......အင်းးး..........._"

နာကျင်လွန်းလှသော ခန္ဓာကိုယ် ကြောင့် သူ ခပ်တိုးတိုး ညည်းကာ မျက်လုံးတွေကို အားယူပြီး ဖွင့်ကြည့်လိုက်တော့..

မီးရောင်ခပ်မှိုန်မှိုန်လင်းနေတဲ့ အခန်းငယ်တစ်ခု....

လေးလံနေတဲ့ မျက်ခွံတွေက မဖွင့် ကြည့်ချင်တော့လောက်တဲ့အထိ ပင်ပန်းလွန်းတယ်....

ဒါ ဘယ်နေရာပါလိမ့်.....

ငါအခု ဘယ်ကိုရောက်နေတာလဲ...ဒီအခန်းကရော ဘယ်သူ့အခန်းလဲ....

နံရံပေါ်မှာ ကပ်ထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ မြောက်များစွာ သော ဓာတ်ပုံတွေကို သူ ခပ်တွေတွေလေးစိုက်ကြည့်မိတော့....ရုတ်တရက်

နှလုံးနေရာကနေ ဆွဲစုပ်ထားသည့်အတိုင်းပင်... မွန်းကြပ်လွန်းတာမို့.....သူ လက်နဲ့ အသာဖိထားရင်း...

အသက်ကို ခက်ခက်ခဲခဲ နဲ့ ရှူသွင်းနေမိတယ်...

အဲ့ကောင်လေးက ဘယ်သူလဲ....ဘယ်သူမို့လို့.....ငါအခုလို ဖြစ်နေရတာလဲ...

ဘယ်လိုပဲစဥ်းစားပေမယ့် အခွံတစ်ခုလိုဖြစ်နေသော အခြေအနေကြောင့်....ကုတင်ကို အားပြုကာ လှမ်းကိုင်လိုက်ပြီး...မတ်တပ်ထရပ်လိုက် တော့သည်။

"ဒေါက်.... ဒေါက်...."

အခန်းတံခါးကို ခပ်ကျယ်ကျယ်လာခေါက် နေတာကြောင့်..

Baekhyun ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ဖန်ကွဲစတွေကို... ကျော်လိုက်ပြီး တံခါးကို သွားဖွင့်လိုက်တော့....

"သခင်လေး.....အောက်ထပ်မှာ သခင်ကြီးက ညစာစားဖို့ စောင့်နေပါတယ်......"

သခင်လေးဆိုပဲ ...အဲဒီ့ဦးလေးကြီးက ငါ့ကို သခင်လေးလို့ ခေါ်လိုက်တာလား...

သခင်ကြီးဆိုတာကရော.ဘယ်သူလဲ . နောက်ပြီးတော့..ငါက Gegeတို့နဲ့ အတူတူနေ နေတာလေ...အခု ဘယ်ကိုရောက်နေတာလဲ....

မျက်စိရှေ့မှာ ဖျော့တော့တော့ ပုံစံနဲ့ သူ့ကို အထူးအဆန်းလုပ်ပြီး ရပ်ကြည့်နေသော သခင်လေးကြောင့်

အိမ်ထိန်းလီ အခန်းထဲကို လှမ်းကြည့်လိုက်တော့.... ပစ္စည်းအကျိုးအပဲ့တွေနဲ့ ဖန်ကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသော အနေအထား....

Loser In. Love(chanbaek)☺ ☺ CompleteWhere stories live. Discover now