"Baek ကိုယ်သွားပြီနော် မနက်ဖြန်တွေ့မယ်...."
"အင်...ကူညီပေးတဲ့အတွက် ကျေးဇူးပါ..."
"ကိုယ့်ကို ပေးထားတဲ့ ကတိကိုသာ တည်ပေးပါ...."
Hyungရဲ့ ကားရှိရာကို လိုက်ပို့ပေးပြီး winkတစ်ချက်လုပ်ကာ ထွက်သွားတဲ့ ကောင်ဆိုးလေးကြောင့် baekတစ်ချက်ပြုံးလိုက်မိ၏...
တကယ်ပဲ သူက ကျနော့်ရဲ့ ယောလ် လားဟင်?
Krisတစ်ယောက် ဘာစကားတစ်ခွန်းမှမပြောပဲ ကားကို သာအရှိုန်မြှင့်ပြီး မောင်းနေလိုက်တော့တယ်...
Baekhýun ကတော့ နားမလည်တဲ့ မျက်ဝန်းတွေနဲ့ အတန်ကြာ အကိုဖြစ်သူကို ကြည့်နေမိသည်။
သေချာတယ်.. .hyungစိတ်ဆိုးနေတာပဲ..~~~~
"Gege ....baekကို စိတ်ဆိုးနေတာလား?..."
"Gege က ..ကလေးမဟုတ်တော့ဘူး..baekhyunee..ခုနက တစ်ယောက်က park groupရဲ့ သားမလား...."
အလိုမကျစွာ မေးလာတဲ့ အကိုရဲ့ လေသံကြောင့် baekခေါင်းကို ခပ်ဆတ်ဆတ် ညိမ့်ပြလိုက်မိတယ်...
"Chan yeol က baekနေမကောင်းလို့ လိုက်ပို့တာပါ
......""Gege အဲကောင်လေးရဲ့ မျက်လုံးတွေကို သဘောမကျဘူး...သိပ်ပြီး ရဲတင်းလွန်းတယ်....
Baekhyunee ကိုယ်တို့ကို လူတော်တော်များ က သတိထားလာရင် ဘာတစ်ခုမှ ကောင်းမှာ မဟုတ်ဘူး...
ကိုယ်တို့ရဲ့ အခြေအနေကို baekသိနေတာပဲ..."
"Baek သိပါတယ် gege.."
"Baekဆီကို hyung ဖုန်းခေါ်တာ ဘာလို့မကိုင်တာလဲ....
မတ်ဆေ့ခ်ျ ရောက်နေလို့ hyungပြန်ခေါ်တော့လည်း မကိုင်ဘူး..
စိတ်ပူလို့ luhanတို့ဆီကို လှမ်းဖုန်းဆက်လိုက်တော့
ကလေး နေမကောင်းလို့ ဆေးခန်းသွားပြတယ်ဆို...Hyungမှာ စိတ်တွေ ပူလိုက်ရတာ hyuneeရယ်..."
ကားမောင်းနေရင်း baekရှိရာကို လှည့်ကြည့်ကာ ပြောနေတဲ့ hyungကို baekမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အသေအချာ ကြည့်နေမိသည်။
YOU ARE READING
Loser In. Love(chanbaek)☺ ☺ Complete
Fanfictionမိခင်ဖြစ်သူကြောင့်လောကကြီးကိုအရွဲ့တိုက်နေတဲ့ခပ်ဆိုးဆိုးကောင်လေး Byun baek hyun အေးစက်စက်နိုင်တဲ့အပြုံးတစ်ခုကိုပိုင်ဆိုင်ပြီး ချောမောလွန်းတဲ့မျက်နှာတစ်ခုကိုလက်ဆောင်အဖြစ်ပေးထားခြင်းခံရတဲ့ကောင်လေး Park chan yeol ကံတရား က...