Loser in love(39)

1.8K 167 26
                                    

သတင်းမီဒီယာ သမား​တွေရဲ့ ပါးစပ်​ ထဲမှာ ဟိုး​လေးတစ်​​ကျော်​​ကျော်​​ရေပန်းစား​နေ​သော....

Kim group....

Mr kimတစ်​​ယောက်​ အိမ်​​ရှေ့ ကို ထွက်​ထွက်​ချင်း အပြင်​မှာ အသင့်​​စောင့်​ဆိုင်း​နေကြတဲ့ သတင်းသမား​တွေ​ကြောင့်
သွားမယ့်​​ခြေလှမ်းတို့ တုန့်​ဆိုင်းသွား​တော့တယ်

"ဟာ..ဟိုမှာ ထွက်​လာပြီ....မြန်​မြန်​!...."

သတင်းသမားတစ်​​ယောက်​ရဲ့ စကားအပြီးဝယ်​ Mr kim
ရှိရာကို ဝရုန်းသုန်းကားနဲ့ ​ပြေးဝင်​လာ​သော mediaသမား​တွေ

"Mr kim က ​ငွေမည်း​တွေနဲ့ ကုမ္ပဏီ ကို လည်​ပတ်​​နေတယ်​ဆိုတာ ဟုတ်​ပါသလား?...

မှောင်​ခိုအဖွဲ့​တွေနဲ့ တရားမဝင်​ အ​ရောင်းအဝယ်​​တွေ
လုပ်​​နေတယ်​ဆိုတဲ့ သတင်းက အမှန်​ပဲလား..တစ်​ဆိတ်​​လောက်​​ဖြေ ​ပေးပါ....."

"ဒါဆို ​ထောက်​ပံ့​ရေး​ဖောင်​​ဒေးရှင်းက ဟန်​ပြသက်​သက်​ဆိုတဲ့ သတင်းကအမှန်​​ပေါ့....နည်းနည်း​လောက်​ ​ဖြေ​ပေးပါ"

မေးခွန်း​တွေ ကိုသာ တရစပ်​​မေးလာတဲ့ သတင်းသမား​တွေ​ကြောင့်​ Mr kimတစ်​​ယောက်​ ​ချွေးပင်​ ပြန်​လာရ​တော့တယ်​.. ..

အခု သူ ​ကဘာမဟုတ်​တဲ့ လူတစ်​​ယောက်​ရဲ့ လက်​ချက်​​ကြောင့်​ ဘဝပျက်​ရမည်​တဲ့လား...လုံးဝလက်​မခံနိုင်​ပါ...

"ဒီအချိန်​မှာ ကျ​နော်​ ဘာမှ မ​ဖြေနိုင်​​သေးပါဘူး..ဒါ တစ်​​ယောက်​​ယောက်​ က ကျ​နော့်​ကို မနာလို လို့ နာမည်​ပျက်​​အောင်​ တမင် ​လုပ်​ကြံတာပါ...

ဒီကိစ္စကို ကျ​နော်​ တရားဥပ​ဒေ​ဘောင်​အတွင်းက ​ဖြေရှင်းသွားမှာပါ...."

ဝီ~~ဝီ~~ဝီ..🚨🚨

ရုတ်​တရက်​ ကြီး အနားကို ခပ်​ကြမ်းကြမ်း ​မောင်းကာ ​ရောက်​ချလာတဲ့ ရဲကား၃စီး...

သိပ်​မကြာလိုက်​ပါ ကား​ရှေ့ ခန်းထဲက​နေ အလျင်​စလို ထွက်​လာတဲ့ ရဲ​တွေ...သူတို့က ဘာလုပ်​မလို့ လဲ? ?

လက်​ထဲမှာ လည်း စာရွတ်​တစ်​ခု....

"Mr kim ကို ကျ​နော်​တို့ရဲတပ်​ဖွဲ့က တရားမဝင်​​ကုန်​သွယ်​မူ့ ​ငွေမည်းထုတ်​လုပ်​မူ့.....ရှယ်​ယာ​ငွေ အလွဲသုံးစားအမူနဲ့

Loser In. Love(chanbaek)☺ ☺ CompleteWhere stories live. Discover now