နွေဦးရောက်စ မို့လားမသိ ရဲရဲနီကာ ပွင့်နေကြသော....
မူဂွန်ဟွာ ပန်းပင်တို့က လေယူရာမှာ ယိမ်းနွဲ့  နေကြပြန်တယ်.....ယခင်နေ့ကထက် စကားပြောသံတစ်ချို့နဲ့ အသက်ဝင်နေသော byunအိမ်တော်ရဲ့ မနက်ခင်းကာလ.. .
"သားရယ်...နေကောင်းခါစကို နားနားနေနေ နေပါလားကွယ်.....ဖေဖေ သားရဲ့ပုံစံကိုကြည့်ရတာ...
အားမရလိုက်တာ..."
ခရီးသွားဖို့အတွက် အထုပ်အပိုးတွေ ထည့်လာတဲ့ သူ့ကို စိုးရိမ်တကြီးနဲ့ ပြောလာတဲ့ ဖခင်ဖြစ်သူ..
Baekhyunပြုံးရင်းနဲ့ ပင် အဝတ်အစားတစ်ချို့ကို ထည့်နေလိုက်တယ်...
ဆေးရုံ ကနေဆင်းလာတာတောင်မကြာသေးဘူး..ခရီးထွက်ဖို့ပြင်နေတဲ့ သားဖြစ်သူကို Mr byun စိုးရိမ်တကြီး တားနေမိသည်။
"Baek နေကောင်းသွားပါပြီ appa...စိတ်မပူပါနဲ့ .. အခုကလည်း lay hyungတို့နဲ့ အတူသွားမှာဆိုတော့
စိတ်ပူစရာမရှိပါဘူး paရယ်...နောက်ပြီးတော့...baekလည်း အာရုံပြောင်းသွားအောင်လို့...စိတ်ပြေလက်ပျောက် ခရီးထွက်ချင်လို့ပါ...."
ဆန္ဒပြင်းပြနေတဲ့ သားဖြစ်သူကြောင့် Mr byunတစ်ယောက် ..သက်ပြင်းချလိုက်မိတယ်....
သားငယ်လေးက လုပ်ချင်တာကို လုပ်လိုက်ရမှ ကျေနပ်သည့်စိတ်လေးကလည်းရှိနေတာမို့...သူ တားလို့ရမှာမဟုတ်ပါဘူး.....
သူ့ဘက်ကပဲ အလျော့ပေးရတော့မှာပေါ့...
"အင်းပါလေ.....သားငယ်လေးက ဆန္ဒရှိနေတော့လည်း
Papaမတားတော့ပါဘူး....စိတ်ပြေလက်ပျောက် သွားတော့လည်း သွားပေါ့ကွယ်....ဟိုရောက်ရင် pa ဆီကို ဖုန်းဆက်လိုက်နော်.. ....ဆေးတွေဘာတွေလည်း ထည့်သွား.."
"ဟုတ်ကဲ့ပါ paရယ်...baekဖုန်းဆက်လိုက်ပါ့မယ်.အချိန်ကပ်နေပြီရယ်....ဒါဆို baek သွားပြီနော်..papa.......mwah~~~"
YOU ARE READING
Loser In. Love(chanbaek)☺ ☺ Complete
Fanfictionမိခင်ဖြစ်သူကြောင့်လောကကြီးကိုအရွဲ့တိုက်နေတဲ့ခပ်ဆိုးဆိုးကောင်လေး Byun baek hyun အေးစက်စက်နိုင်တဲ့အပြုံးတစ်ခုကိုပိုင်ဆိုင်ပြီး ချောမောလွန်းတဲ့မျက်နှာတစ်ခုကိုလက်ဆောင်အဖြစ်ပေးထားခြင်းခံရတဲ့ကောင်လေး Park chan yeol ကံတရား က...