Chan yeolတစ်ယောက် ဆိုင်ထဲမှာ မုန့့်ထုတ်တွေ နဲ့ အလုပ်ရှုပ်နေသော
Baekကို လှမ်းကြည့်ပြီး.. .....အသံတိတ်ရယ်လိုက်မိသည်....
ကားက တကယ်တိုက်မိတာမှ မဟုတ်ဘဲ..သူလေးရဲ့ အနားမှာနေချင်လို့..တိုက်မိချင်ယောင်ဆောင်လိုက်တာ....
ပထမ အဲဒီ့လမ်းကနေ ဖြတ်လာတဲ့အချိန်...မျက်စိရှေ့ ကို ကားတစ်စီး ဝင်လာတော့..
ရှောင်ချိန် မရလိုက်...ဒါပေမယ့်..အဲဒီ့ကားက
ဘရိတ်အုပ်တာမြန်လို့..မုန့်ထုတ်တွေ လောက်ပဲ ပျက်စီးသွားတာ....chan yeolအစကတော့...အဲဒီ့ကားမောင်းတဲ့ သူကိုပြသာနာ ရှာမလို့ပဲ...ဒါပေမယ့်...ကံတရားက ကိုယ့်ဘက်ပါနေသော အခါ...ကားပေါ်က ဆင်းလာတဲ့ သူလေးက..ချစ်ရသူလေးဖြစ်နေတာကြောင့်.
Academy shock တွေ လုပ်လိုက်တာလေ
....မကျိုးသော်လည်း ကျိုးချင်ယောင်ဆောင်..
ကိုယ့်အတွက်ကတော့ ပမွှားလေးပါ....သူလေးက တကယ်ထိတယ် ထင်ပီး ဆေးရုံ တွေ ဘာတွေ ပို့ပေးမယ်လုပ်လာတာ...
ဟိုကို သွားရင် အလိမ်ပေါ်ကုန်မှာပေါ့..အဲတော့....အိမ်ကိုပဲ ပြန်ပို့ပေးပါ.....family doctor ရှိပါတယ်....အဲဒီ့အစား..သူငယ်ချင်းတွေ မှာလိုက်တဲ့ မုန့်တွေပဲ အစားပြန်ဝယ်ပေးပါဆိုပီး...ဂွင်ဆင်လိုက်တာပေါ့....
အဲဒါကြောင့် အခု..ချစ်ရသူလေးနဲ့ mini market ဆိုင်လေးမှာ မုန့်ဝယ်နေတာလေ..
သူလေးကတော့ ဆိုင်ထဲမှာ တစ်ယောက်တည်း အလုပ်ရှုပ်နေလေရဲ့...ကျနော်ကတော့
ကားထဲမှာ နေကျန်ခဲ့ရတယ်လေ..မသိရင်..ထော့ကျိုးပေါ့.....အမှန်ဆို ပွန်းပဲ ပွန်းသွားတာ
ဟဲ..ဟဲ....နှုတ်ခမ်းလေးကို စူလိုက် ချွန်လိုက် နဲ့ လုပ်နေတဲ့ ပုံလေးက...အား...ချစ်စရာလေး..
မုန့်တစ်ထုတ်ကို ကိုင်ပီး..ကျနော်ရှိရာကို လှမ်းကြည့်ရင်း ပွစိပွစိ ပြောနေပြန်တယ်...
YOU ARE READING
Loser In. Love(chanbaek)☺ ☺ Complete
Fanfictionမိခင်ဖြစ်သူကြောင့်လောကကြီးကိုအရွဲ့တိုက်နေတဲ့ခပ်ဆိုးဆိုးကောင်လေး Byun baek hyun အေးစက်စက်နိုင်တဲ့အပြုံးတစ်ခုကိုပိုင်ဆိုင်ပြီး ချောမောလွန်းတဲ့မျက်နှာတစ်ခုကိုလက်ဆောင်အဖြစ်ပေးထားခြင်းခံရတဲ့ကောင်လေး Park chan yeol ကံတရား က...