Baekhyun လက်သူကြွယ်မှာ ဝတ်ထားတဲ့ မဟူရာရောင်
လက်စွပ် လေးကိုကြည့်ပြီး...ပြုံးနေမိတယ်...သူဒီလောက်နှစ်တွေအများကြီး လိုက်ရှာနေခဲ့တဲ့ ကောင်လေးက...park chan yeol တဲ့လား..
အစကတော့ ...သူလုံးဝမယုံကြည်နိုင်ခဲ့ပေမယ့်...တစ်စုံတစ်ခု သော အရာက သူဆိုတာ ယုံကြည်ဖို့အတွက် လမ်းပြလာခဲ့တယ်...
ထိုအရာက chan yeolလည်ပင်းမှာဆွဲထားတဲ့...phoenix တံဆိပ် ဆွဲကြိုး လေး
သူ့ကိုမေးကြည့်တော့....အိုဆာကာမြို့ကို သွားတုန်းက ကောင်လေးတစ်ယောက် နဲ့ တိုက်မိပြီး..ပစ္စည်းချင်းမှားယူမိတာလို့ပြောပြလာပြန်တော့...
Baek မျက်လုံးအဝိုင်းသားနဲ့ အတော်ကြာအောင် ကြည့်နေခဲ့မိသည်။
သူလည်း..ထိုကိစ္စကို မှတ်မိနေသည်တဲ့လား..ဒါပေမယ့် ထိုကောင်လေး က baekဆိုတာကို chan yeolမသိပါ ......
အဆိုးထဲက အကောင်းလို့ပဲ ပြောရတော့မှာပေါ့....နောက်ဆုံးတော့...သူ့ရဲ့ ပျောက်ဆုံးနေတဲ့မင်းသားလေးကို ရှာတွေခဲ့ပြီလေ....
"Yeol ah~~ကိုယ် မမှတ်မိလို့တောင်းပန်ပါတယ်..အရင်ကလို ဖြူဖြူသေးသေးကိုယ်လေးမဟုတ်တော့ဘူးနော်..
....အင်~~ကိုယ့်ထက်တောက် အရပ်ပိုရှည်လာသေးတယ်......စိတ်ချပါ.....ကိုယ်မင်းကို အမြဲတမ်း စောင့်ကြည့်နေမှာမို့လို့. ... . "
လက်သူကြွယ်မှာ ဝတ်ထားတဲ့ လက်စွပ်လေးကိုကြည့်ရင်း
Baekခပ်တိုးတိုးလေး ပြောလိုက်မိသည်။သူ့ရဲ့ မင်းသားလေးက ကောင်းကောင်းမွန်မွန်ကြီးပြင်လာခဲ့တာပဲ....
ဘယ်သူပြောနိုင်မလဲ...တစ်ချိန်က ကိုယ်ကြည့်မရတဲ့သူက..တစ်နေ့နေ့မှာ ကိုယ်သိပ်ချစ်ရတဲ့ သူတစ်ယောက်ဖြစ်မလာနိုင်ဘူးလို့.....
********
Kris လက်ထဲမှာ ကိုင်ထားတဲ့ ကလေးရဲ့ ပုံလေးကိုကြည့်ပြီး...ပါးချိုင့်တွေ ပေါ်တဲ့အထိ ပြုံလိုက်မိ၏....
YOU ARE READING
Loser In. Love(chanbaek)☺ ☺ Complete
Fanfictionမိခင်ဖြစ်သူကြောင့်လောကကြီးကိုအရွဲ့တိုက်နေတဲ့ခပ်ဆိုးဆိုးကောင်လေး Byun baek hyun အေးစက်စက်နိုင်တဲ့အပြုံးတစ်ခုကိုပိုင်ဆိုင်ပြီး ချောမောလွန်းတဲ့မျက်နှာတစ်ခုကိုလက်ဆောင်အဖြစ်ပေးထားခြင်းခံရတဲ့ကောင်လေး Park chan yeol ကံတရား က...