Loser in love(37)

1.7K 171 22
                                    

krisအခန်းထဲကိုပြန်​​ရောက်​​တော့ ဘာစကားတစ်​ခွန်းမှမ​ပြောပဲ မျက်​စိ​ရှေ့ မှာမြင်​​နေရတဲ့ ခ​လေးရဲ့ ပုံကိုသာ အချိန်​အ​တော်​ကြာတဲ့အထိ ​ကြည့်​​နေမိသည်​။

မျက်​လုံး​လေး​တွေ မှိတ်​တဲ့အထိ အပြစ်​ကင်းစွာ ရယ်​​မော​နေသည့်​ သူသိပ်​မြတ်​နိုးရ​သော လူသား​လေး..

နောက်​ဆုံး​တော့ သူမလိုချင်​​သော ထို​နေ့ကို ​ရောက်​လာခဲ့ပြီ​ပေါ့...

ခ​လေးဖြစ်​ချင်​တဲ့အရာအားလုံး ပြီး​မြောက်​ သွားရင်​ သူရဲ့
အရင်​​နေရာဖြစ်​တဲ့ LAကိုပဲ အပြီးပြန်​​တော့မယ်​လို့ ဆုံးဖြတ်​ထားတယ်

"ကိုကို မရှိလည်း hyuneeအဆင်​​ပြေမှာပါ...."

Krisတစ်​​ယောက်
ခြောက်​ကပ်​​နေ​သော နှုတ်​ခမ်းတစ်​စုံကို ခပ်​တိုးတိုး​ရေရွတ်​​လိုက်​ပြီး
လက်​ထဲမှာကိုင်​ထားတဲ့ ဖုန်းရဲ့ screen ကို ဖွင့်​လိုက်​​တော့

Wallpaper မှာတင်​ထားတဲ့ ငယ့်​ ဓတ်​ပုံ​လေးရယ်​ပါ

အရာအားလုံးထက် ​သူ့ကိုလွှမ်းမိုးနိုင်​​သော ထိုလူသား​လေး က တစ်​ခြားသူတစ်​​ယောက်​ကို သူ့ထက်​ပိုပြီး ​မေတ္တာ ရှိ​နေသည်​တဲ့လား...?

စွန့်​လွတ်​ခြင်းဆို​သော သူ့ရဲ့ အဘိဓါန်​ က ထိုခ​လေးနဲ့ကျမှ စာမျက်​နှာအသစ်​မှာ လတ်​လတ်​ဆတ်​ဆတ်​ ​ရေးထားမိတာ
မင်​ရည်​​တောင်​ မ​ခြောက်​​သေး...

နောက်​ဆုံး​တော့လည်း မင်း​ပြောသလိုပဲ ..ကိုကို ဟာ..မင်းရဲ့ ထာဝရ အကို တစ်​​ယောက်​ပဲ​ပေါ့...

ကောင်းပါတယ်​​လေ....အ​ရောင်​မစွန်းတဲ့ ချစ်​ခြင်း​တွေနဲ့
တစ်​သက်​လုံး​နေသွားကြရ​အောင်​..ကိုကို့ရဲ့ ခ​လေးငယ်​..

သိပ်​ချစ်​တယ်​ အရာအားလုံးထက်​ပိုပြီး​တော့​ပေါ့...

ပါးပြင်​ထက်​မှာစိုစွတ်​လာတဲ့ မျက်​ရည်​တစ်​ချို့ ကို ဆွဲသုတ်​လိုက်​ပီး ဘာမှမဖြစ်​ခဲ့​သော အမူအရာနဲ့ ထိုအခန်း​လေးထဲက​နေ ထွက်​လာလိုက်​မိတယ်​...

သူဆုံးဖြတ်​ထားတယ်​...ဘယ်​​တော့မှ ခ​လေးငယ်​ကို သူ့ရဲ့​ပျော့ညံ့တဲ့ ပုံစံကို လုံးဝ မမြင်​​စေရဘူးလို့...

Loser In. Love(chanbaek)☺ ☺ CompleteWhere stories live. Discover now