#Zawgyi
လူတိုင်းနီးပါးက ကိုယ့်ကိုယ်တစ်စုံတစ်ယောက်က စောင့်ကြည့်နေပြီဆို အရမ်းကြောက်တတ်ကြတယ်...ကျွန်တော်လည်း အစတုန်းကတော့ အရမ်းကြောက်ခဲ့မိတယ်...
အိမ်စပြောင်းလာစ ပတ်ဝန်းကျင်အသစ် မိတ်ဆွေအသစ်တွေနဲ့ဆိုတော့ လိုက်လျောညီထွေဖြစ်ဖို့လုပ်ရတာ နည်းနည်းတော့ ခက်ခဲခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အဆင်ပြေသလိုတော့ ရှိလာတယ်
အဆင်မပြေသည်က ကျောင်းသွားကျောင်းပြန်လမ်း... Appa ရဲ့ညီ သူ့ဦးလေးအိမ်ရှေ့က ဖြတ်သွားနေကျဆိုပေမယ့် တစ်နေရာရာကနေ လူတစ်ယောက်က စောင့်ကြည့်နေသလို ခံစားရနေရသည်
လိုက်ကာအဖြူစတွေကြားမှာ လူတစ်ယောက်က အမြဲလိုလိုစောင့်ကြည့်နေတတ်သည်ကို သူသတိထားမိတာ သိပ်မကြာသေး...ထူးထူးဆန်းဆန်း လူမဆန်တဲ့ မှုခင်းတွေကြောင့် တွေးမိတွေးရာလျှောက်တွေးပြီး ကြောက်မိခဲ့ပေမယ့်လို့ ကြာလာတော့ လိုက်ကာအဖြူတွေနောက်မှ စူးရှရှအကြည့်တွေနဲ့ထိုလူသားကို သိလိုစိတ်ပြင်းပြလာခဲ့သည်
ဦးလေးဆီက ဟိုစပ်စုဒီစပ်စုရင်းကြားခဲ့မိတာကတော့ အိမ်ရှေ့အိမ်မှာ သူနဲ့မတိမ်းမယိမ်းကောင်လေးတစ်ယောက်နေပြီး အဲ့ကောင်လေးကလည်း တစ်ပတ်နေလို့တစ်ခါတောင်မှ အပြင်မထွက်ကြောင်း ကြောင်တောင်တောင်နိုင်ကြောင်း ရုပ်ရည်လေးမဆိုးကြောင်း သဘောတော့ကောင်းမည်ဖြစ်ကြောင်း စသည့်စသည့် အကောင်းအဆိုးဒွန်တွဲနေသည့် အချက်အလက်ပေါင်းစုံတွေဖြစ်သည်
သူမသိတာက ဘာလို့ သူ့ကိုစောင့်ကြည့်နေမှန်းမသိတာ... အကောင်းစောင့်ကြည့်ရင်တစ်မျိုး တော်ကြာ အငြှိုးတွေဘာတွေထားပြီး သူ့လာသတ်နေမှဖြင့်... အငြှိုးဆိုရအောင်လည်း သူနဲ့ကိုယ်နဲ့ကလည်း လူချင်းတောင်တွေ့ဖူးကြတာမဟုတ်
အဲ့လမ်းကမသွားချင်ရအောင်လည်း ကျောင်းရောက်နိုင်မည့်လမ်းက ထိုတစ်လမ်းသာရှိသည်
တောင်တွေးမြောက်တွေးရင်း ခပ်ကြောက်ကြောက်နဲ့ဖြတ်လာခဲ့တာ တစ်လတောင်ကျော်ပြီ ခုထိသူအကောင်းအတိုင်းရှိနေသေးသည်
ထိုလူက သူ့အသက်အန္တရာယ်ကို ရန်လိုချင်တာမဟုတ်ဘူးဆိုရင် ဘာလိုချင်လို့လဲ? ဒါမှမဟုတ် လူသတ်ကားတွေထဲကလို ဘွားကနဲထွက်သတ်မှာမဟုတ်ဘူးလား ဆိုသည့်ကြောက်စရာအတွေးတွေနဲ့ ခပ်ပြုံးပြုံးလေးသာ ထိုအိမ်ရှေ့ကဖြတ်သွားနေမိပေမယ့် ကြောက်လွန်းလို့ အိမ်ကိုတောင်လှည့်မကြည့်ရဲဘူး
YOU ARE READING
Happy Ending
Fanfictionအထီးကျန်ခြငး်တစ်ခွက်ထဲ အတ္တပြင်းပြင်းလေးရောဖျော်ပြီး သောက်ကြည့်...အဲ့အချိန်ကျရင် ကျွန်တော် ဘာလို့ သူ့ကိုလိုအပ်လည်းဆိုတာ ခင်ဗျားတို့ပါ သိလာလိမ့်မယ်..."