Part-6

381 58 2
                                    

#Zwagyi

"ဟေ့ကောင်တွေ ငါတကယ်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုရလာခဲ့တယ်"

"ဘာလဲ ဘာလဲ"

Kim Minhoတစ်ယောက်သယ်လာသည့် သတင်းကို စိတ်ဝင်တစားနားစွင့်နေလိုက်သည်

"Englishဆရာက အရင်က ယောက်ျားချင်းတွဲဖူးတယ်တဲ့"

"အဲ့ဒါဘာထူးဆန်းလို့လဲ? "

Park Junhoက ဒါမျိုးကျလက်ခံတတ်သည် ပျက်မသွားသည့်သူ့မျက်နှာက ခပ်အေးအေးဆေးဆေးနှင့် ဆက်နားထောင်ရန်အသင့်အနေအထား...

"ဘယ်သူနဲ့တွဲခဲ့တာလဲသိလား? "

"ဘယ်သူနဲ့လဲ"

"Bae Jinyoungနဲ့"

ဒီတစ်ခါမျက်နှာပျက်သွားသူက Junhoမဟုတ် Lee Daehwi..

Junhoက သူ့ဘက်ကို သနားစရာအကြည့်ဖြင့်လှည့်ကြည်နေသည် သူ့မျက်လုံးထဲမှာ မင်းကအရမ်းသနားဖို့ကောင်းတာပဲ ဆိုသည့် အကြည့်စူးစူးတွေ...သနားကြည့်ကြည့်နေတာတော့မဟုတ်ဘူး လှောင်ပြောင်ချင်ယုံသက်သက်ဖြင့် ကြည့်နေသည့် အကြည့်မျိုးဆိုတာ သူသိသည်

"ငါ့အတွက်တော့ စိတ်ဝင်စားစရာ သတင်းဖြစ်ချင်မှဖြစ်မယ် ဒါပေမယ့် Lee Daehwiအတွက်တော့ အရေးပေါ်သတင်းဖြစ်သွားတာပဲ Minho ahhh Daehwiမျက်နှာကို ကြည့်ပါဦး"

"ငါ ငါက မင်းလည်းသိသင့်တယ်ထင်လို့ ပြောလိုက်တာပါ Daehwiရာ ငါတောင်းပန်ပါတယ်"

"ငါ အဆင်ပြေပါတယ် ပြီးတော့ Jinyounggie hyungနဲ့ငါနဲ့က ရိုးရိုးသားသားခင်ကြတာ ငါကဘာဖြစ်ရမှာလဲ "

"လိမ်နေပြန်ပြီ Lee Daehwi"

"ဘာကိုလဲ Junho?"

"လိမ်နေတာလေ  Bae Jinyoungကို ချစ်ရက်သားနဲ့ မင်းလိမ်နေတာလေ မင်း သူ့ကိုတကယ်ချစ်တာ ငါသိတာပဲဟာ ဘာလို့လူသိရှင်ကြားလိမ်လည်ချင်နေရတာလဲ?"

"ငါHyungကိုမချစ်ဘူး Park Junho  ငါဘယ်သူ့ကိုမှလဲမညာဘူး ငါ့ကိုယ်ငါလည်း ယုံကြည်တယ်"

"ဒါဆို ငါကမင်းကိုချစ်တယ်ဆိုရင်ရော? မင်းလက်ခံပေးမှာလား? "

"Junho ahhhhhh"

Junhoစကားကြောင့် သူရော အနားမှာရှိနေသည့် လူတွေရော အကုန်ကြောင်အမ်းအမ်းဖြစ်ကုန်ကြသည်

Happy EndingWhere stories live. Discover now