#zawgyi
ညီမဖြစ်သူ နာနာကျင်ကျင်သေသွားရတာတောင် မတော်တဆသေဆုံးမှုဟု ခေါင်းစဉ်တတ်ပြီး ဈာပနလာသည့် အသိမိတ်ဆွေတွေကို လူမှုရေးအရ နှုတ်ဆက်နေရသည့် အစ်ကိုတစ်ယောက်အဖြစ်...
လူတွေသာ ဒီအကြောင်းတွေသိသွားကြရင် သူ့ကို ရွံစရာကောင်းသည့်လူသားတစ်ယောက်အဖြစ် ဆက်ဆံကြလေမလား? ဒါမှမဟုတ် ဦးနှောက်ပျက်နေသည့် အချစ်သူရဲကောင်း အရူးကြီးအဖြစ် သတ်မှတ်ကြမလား...?
ညီမဖြစ်သူ၏ နောက်ဆုံးခရီးလေးကို အေးအေးချမ်းချမ်းကျင်းပ၍သာ
ပြီးဆုံးသွားပေမယ်လို့ ညီမဖြစ်သူအပေါ် အားနာမိသည်ထက်ကို အားနာမိသည်"အစ်ကို့မခွင့်လွှတ်ပါနဲ့ Mira... နောက်ဘဝကျရင်လည်း ညီမလေးချစ်တဲ့...ညီမလေးကိုသေချာဂရုစိုက်မယ့် ပတ်ဝန်းကျင်ကောင်းလေးနဲ့တွေ့ဆုံရပါစေ... "
ဈာပနပွဲအပြီး စိတ်ပင်ပန်း လူပင်ပန်းနှင့် ပြန်ရောက်လာပေမယ့် Bae Jinyoungတစ်ယောက်ကတော့ သူ့ကိုအနားမပေးချင်သေးပုံရသည်
လျှောက်သွားချင်ရာတွေသွားပြီး ပြဿနာရှာမည်စိုး၍ တိုက်ခန်းထဲ သော့ခတ်ပြီးထားခဲ့ပေမယ့် ခုတော့ တိုက်ခန်းထဲကိုမုန်တိုင်းတိုက်သွားသလို ဖန်တီးထားသည်
ပွစာကြဲနေသည့် ပစ္စည်းအချို့ရယ်... အစိတ်စိတ်အမွှာမွှာဖြစ်နေသည့် ပန်းကန်ကွဲစ ဖန်ခွက်ကွဲစတွေရယ်...အစိတ်အမွှာမွှာဖြဲစုတ်ခံထားရသည့် စက္ကူအပိုင်းအစတွေရယ်... ဟာရီကိန်းမုန်တိုင်းတောင် သူ့လောက်ဆိုးဝါးမည်မထင်...
"Jinyoung? Jinyoung? ဘယ်မှာလဲ Jinyoung? မင်းက ဒီမှာကို Hyungပြန်ရောက်ပြီ"
သူ့ကိုနောက်ကျောခိုင်းထိုင်ပြီး စာရေးစားပွဲပေါ်တွင် ဘာတွေလုပ်နေမှန်းမသိသည့် Jinyoungကိုမြင်လိုက်ရမှ ရင်ထဲအေးသွားတော့သည်
သူမရှိတုန်း ပြတင်းပေါက်ကနေခုန်ချသွားပြီထင်နေတာ? ဒီကောင်လေးက နာမှာတွေ ဒဏ်ရာရမှာတွေမသိဘူး...သူလုပ်ချင်ရာတွေ လျှောက်လုပ်တတ်သည့် ကောင်လေးမျိုး...
နားထဲ ကြားလိုက်ရသည့်အသံက ဟင်းသီးဟင်းရွက်တွေကို ဓားထက်ထက်နှင့် လှီးဖြတ်နေသည့်အသံမျိုး... မဟုတ်မှလွဲရော...?
YOU ARE READING
Happy Ending
Fanfictionအထီးကျန်ခြငး်တစ်ခွက်ထဲ အတ္တပြင်းပြင်းလေးရောဖျော်ပြီး သောက်ကြည့်...အဲ့အချိန်ကျရင် ကျွန်တော် ဘာလို့ သူ့ကိုလိုအပ်လည်းဆိုတာ ခင်ဗျားတို့ပါ သိလာလိမ့်မယ်..."