#Zawgyi
"ဟေ့ကောင်"
နောက်ကျောဘက်က ခပ်ကျောကျောသံနှင့် ခေါ်လိုက်သူကို ပေတေတေနှင့်လှည့်ကြည့်လိုက်သည်
ကလေးရဲ့သူငယ်ချင်း Parkမျိုးနွယ်ကောင်လေး... ကျန်နာမည်အပြည့်အစုံတော့ သူမမှတ်မိတော့...
"ဒီမှာ ကြောင်တောင်တောင်ကြည့်မနေနဲ့"
Hum?ဒီလောက်ကြောက်စရာအကြည့်နဲ့ကြည့်ပေးနေတာတောင် သူ့ရှေ့က ငဂျစ်လေးက ကြောင်တောင်တောင်အကြည့်ဟုခေါင်းစဉ်တပ်လိုက်သေးသည်
"ဘာကိစ္စ? "
" မင်း ငါ့သူငယ်ချင်းLee Daehwiဆီက ဘာလိုချင်လို့ကပ်နေတာလဲ"
"Daehwi? ဘာလိုချင်လို့လဲ? "
"မင်းကတကယ့်ငကြောင်ပဲ မင်းကိုမေးနေတယ်လေ Daehwiဆီက ဘာလိုချင်လို့လာကပ်နေတာလဲလို့"
"ငါက ဘာလို့ပြောပြရမှာလဲ Hwiလေးဆီက လိုချင်တာတစ်ခုခုရှိရင်တောင် Hwiလေးဆီပဲ တိုက်ရိုက်သွားတောင်းတော့မှာပေါ့ မင်းကိုပြောနေစရာလား ရယ်ရတယ်"
"မင်းရဲ့အဖေကထောင်ထဲမှာနေနေရတာမလား လူယုတ်မာရဲ့သားက လူယုတ်မာပဲပေါ့ "
"ကောင်းပြီလေ လူယုတ်မာပီပီ ဟိုနားက တုတ်နဲ့ မင်းခေါင်းကိုပဲဖြစ်ဖြစ် ခြေထောက်ကိုပဲဖြစ်ဖြစ် ရိုက်လို့ရလား"
"ဘာ? "
"လူစကားနားမလည်ဘူးလား? "
"မင်းကများ"
ဒေါသထွက်သွားပုံရသည့် Parkမျိုးနွယ်တစ်ယောက် သူ့ကိုထိုးဖို့အတင်းပြေးဝင်လာတာကိုလည်း သူမြင်သည် ပြီးတော့ ခပ်ဝေးဝေးမှာ သူ့အတွက်စိတ်ပူတကြီးနဲ့ပြေးလာနေသည့် ကလေးကိုလည်းတွေ့ရသည်
"ခွပ်"
နှုတ်ခမ်းထောင့်နားကနာကျင်မှုက မပြောပလောက်ပါဘူး သူကိုယ်တိုင် တမင်အထိုးခံခဲ့တာပဲ...
"hyunggggg ဘယ်နားထိသွားသေးလဲ"
"..."
"မင်း Park Junho မင်း hyungကိုဘာလို့နာအောင်လုပ်ရတာလဲ "
"ငါကမင်းအတွက်စိတ်ပူ... "
"တော် hyungက မင်းထင်သလိုမဟုတ်ဘူး မင်းအထင်လွဲနေတာတွေကို ရပ်သင့်ပြီ မင်းhyungကို ထိခိုက်အောင်ထပ်လုပ်ရင် ငါ့အဆိုးမဆိုနဲ့ Park Junho"
YOU ARE READING
Happy Ending
Fanfictionအထီးကျန်ခြငး်တစ်ခွက်ထဲ အတ္တပြင်းပြင်းလေးရောဖျော်ပြီး သောက်ကြည့်...အဲ့အချိန်ကျရင် ကျွန်တော် ဘာလို့ သူ့ကိုလိုအပ်လည်းဆိုတာ ခင်ဗျားတို့ပါ သိလာလိမ့်မယ်..."