#zawgyi
ကြမ်းပြင်ပေါ် ဟိုတစ်ပုံ ဒီတစ်ပုံ ပြန့်ကြဲနေကြသည့် ဓာတ်ပုံတွေထဲက လူနှစ်ယောက်ကတော့ အပျော်ကြီးပျော်နေပုံရပေမယ့် မပျော်သူက သူမ...
"မဖြစ်သင့်ဘူး Daehwi မေမေ့သားလေးက ဒီလိုကျက်သရေမရှိ မဖြစ်နိုင်တဲ့ ကိစ္စတွေဆီ စိတ်မပါသင့်ဘူး Daehwi"
မျက်လုံးထဲမှာ အိမ်နံရံတွေက ထူးထူးဆန်းဆန်းလည်နေကြပြီး သူမခန္ဓာကိုယ်ဟာလည်း ကြမ်းပြင်ပေါ် ပုံလျက်သားလဲကျသွားသည်
"Omma"
အဝေးက သားဖြစ်သူရဲ့အသံကို နားထဲဝိုးတိုးဝါးတားကြားနေရသည်... စိုးရိမ်မှုတွေနဲ့ပြည့်နှက်နေတဲ့ သားလေးအသံက ဘာများဖြစ်လို့ပါလိမ့်...
"shockရပြီး မေ့လဲသွားတာပါ မစိုးရိမ်ပါနဲ့ မကြာခင်သတိရလာပါလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ... "
ကြမ်းပြင်ပေါ်က hyungနဲ့သူ့ရဲ့ပုံတွေက အမေဖြစ်သူ မူးလဲရခြင်းရဲ့အဓိကအကြောင်းရင်းမှန်း ခန့်မှန်းကြည့်စရာတောင် မလို...
"Daehwi..."
တိုးလျလျထွက်လာသည့် အမေဖြစ်သူဆီမှ အသံကြောင့် သတိရလာမှန်းသိလိုက်ပေမယ့် သူဘာမဆိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်မနေသေး...
"Jinyounggie hyuunggggg.... "
Hyungနာမည်လေးကို အားကိုးတကြီး တိုးတိုးလေးရေရွတ်လိုက်သည်
"Daehwi"
"omma လှဲနေပါ နေကောင်းတာလည်းမဟုတ်ဘဲနဲ့"
"Daehwi အမေ့သားလေးက ဘာလို့ အမေမကြိုက်တဲ့အလုပ်တွေကို လုပ်ရတာလဲ"
"ကျွန်တော် ဘာလုပ်မိလို့လဲ Omma နေကောင်းသေးတာလဲ မဟုတ်ဘူး အနားယူဖို့လိုတယ်မလား ကျွန်တော် ommaစားဖို့တစ်ခုခု... "
"Jinyoungနဲ့တွဲနေတာ ဘယ်လောက်ကြာပြီလဲ Hwiလေး? "
"..."
"Hwiလေး...? "
"မကြာသေးပါဘူး..."
"မကြာသေးတော့ ကောင်းတာပေါ့ မနက်ဖြန်ကစပြီး အဆက်အသွယ်ဖြတ်လိုက်တော့ Lee Daehwi ။သားအဖေမသိအောင် မေမေဖုံးထားပေးမယ် သားက Jinyoungလေးနဲ့ပဲ အဆက်အသွယ်ဖြတ်လိုက် မေမေပြောတာနားလည်ပါတယ်နော် Hwiလေး"
YOU ARE READING
Happy Ending
Fanfictionအထီးကျန်ခြငး်တစ်ခွက်ထဲ အတ္တပြင်းပြင်းလေးရောဖျော်ပြီး သောက်ကြည့်...အဲ့အချိန်ကျရင် ကျွန်တော် ဘာလို့ သူ့ကိုလိုအပ်လည်းဆိုတာ ခင်ဗျားတို့ပါ သိလာလိမ့်မယ်..."