#zawgyi
တစ်လှမ်း... နှစ်လှမ်း... သုံးလှမ်း...
"အဟတ် သိပ်တော်လွန်းတဲ့လူတွေပါလား"
ခြေလှမ်းကိုခပ်မှန်မှန်သာလှမ်းပြီး တစ်ဖက်လူကို မျက်ချေမြန်မြန်ဖြတ်လိုက်သည်
"..."
"ကျွန်တော်ဒီမှာလေ"
"မင်း? "
"ကဲ ပြောပါဦး ခင်ဗျားကိုဘယ်သူလွှတ်လိုက်တာလဲ Hwang Miraလား ဒါမှမဟုတ် Parkမျိုးနွယ်က ဂုဏ်သရေရှိအမျိုးသမီးကြီးလား?"
"ငါ့ကိုဘယ်သူပဲလွှတ်လွှတ် မင်းတို့ဒီနေရာမှာရှိမှန်း ငါသတင်းပေးလိုက်ရင် ပွဲသိမ်းပြီပဲမလား"
"နောက်လိုက်ခွေးကောင်းကောင်းလေးရထားလို့ ခင်ဗျားသခင်က အရမ်းဂုဏ်ယူနေတော့မှာပဲ အဟတ်"
"ခွေး? မင်း?
"ခင်ဗျားသခင်က ကျွန်တော့်အသက်ကိုပါ နုတ်ခဲ့လို့ အမိန့်ပေးလိုက်လို့လား?သူမခိုင်းဘဲ လုပ်ရင်စိတ်ဆိုးမှာပေါ့ သူစိတ်ဆိုးမှာမကြောက်ဘူးလား?"
"မင်းတော့"
လက်သီးရွယ်ကာ ခွေးရူးတစ်ကောင်ကို ကမူးရှူးထိုးပြေးဝင်လာသည့် ခန္ဓာကိုယ်တောင့်တောင့်နှင့်လူကြီးကို ခြေနှင့်ထိုးခံလိုက်တော့ ကိုးယားကားယားနှင့် လဲကျသွားသည်
အတင်းကုန်းရုန်းထနေသည့် အနှီလူကြီး၏ နောက်ကျောကို ခြေထောက်နှင့်တွန်းကန်လိုက်တော့ အားယူပြီးပြန်ထဖို့လုပ်နေသည့် ထိုလူကြီးခမျာ နောက်တစ်ခေါက်လဲကျသွားပြန်သည်
"ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်တဲ့လူကို သတင်းစုံစမ်းဖို့လွှတ်လိုက်တယ်တဲ့ ကျစ် ဘယ်လိုတောင်ရယ်ဖို့ကောင်းရတာလဲ yrrrr ခင်ဗျားကို ဘယ်သူလွှတ်လိုက်တာလဲ?ဟမ် မေးနေတယ်လေ"
"မင်းလို ငယ်ငယ်ရွယ်ရွယ်နဲ့အဆိပ်ပြင်းနေတဲ့လူမျိုးနဲ့ သူ့သားနဲ့ကို ဘယ်လိုမှသဘောတူမှာမဟုတ်ဘူး Bae Jinyoung"
"arrrr ကျွန်တော့်ကလေးလေးအမေ ယောက္ခမကြီးရဲ့နောက်လိုက်ခွေးလေးကိုး. .. Daehwiနဲ့တွေ့ချင်တယ်မလား ကျွန်တော့်နောက်လိုက်ခဲ့"
YOU ARE READING
Happy Ending
Fanfictionအထီးကျန်ခြငး်တစ်ခွက်ထဲ အတ္တပြင်းပြင်းလေးရောဖျော်ပြီး သောက်ကြည့်...အဲ့အချိန်ကျရင် ကျွန်တော် ဘာလို့ သူ့ကိုလိုအပ်လည်းဆိုတာ ခင်ဗျားတို့ပါ သိလာလိမ့်မယ်..."